နောက်ဆုံးရအာဆင်နယ်သတင်းများ (26Oct-10am)

** Calciomercato ရဲ့ဖော်ပြချက်အရ အာတီတာဟာ ဘက်တစ်ကွင်းလယ်လူ  ဝီလျှံကာဗယ်ဟို ကိုချိတ်ဆက်နေတယ်လို့ဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ် ပေါ်တူဂီကစားသမားကို မကြာခနဒဏ်ရာရတတ်တဲ့ပါတေး ၊ အတွေ့အကြုံနဲ့သေးတဲ့ လိုကွန်ဂါတို့အတွက် အားဖြည့်ဖို့ သင့်တော်တဲ့ကစားသမားတစ်ယောက်အဖြစ် စောင့်ကြည့်ခံနေရတာဖြစ်ပါတယ်။

** ပီအက်ဂျီအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲဟာ သူ့ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးပွဲလို့  အာဆင်နယ်အသင်းကနေအငှားနဲ့သွားကစားနေတဲ့  ဆာလီဘာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ ဆာလီဘာရဲ့စွမ်းဆောင်ရည်ဟာအမြင့်ဆုံးမှာရှိနေခဲ့ပါတယ်။

ဆာလီဘာရဲ့ စွမ်းဆောင်မှုအချက်အလက်များ

  • ပေးပို့မှု ၅၇ကြိမ်
  • တိကျသော ပေးပို့မှု ၉၆%
  • လိမ်ခေါက်ကျော်ဖြတ်မှု ၁/၁ ကြိမ်အောင်မြင်
  • အောင်မြင်စွာဖျက်ထုတ်နိုင်မှု ၃ကြိမ်
  • ကြားဖြတ်လုယူမှု ၁ကြိမ်
  • ဂိုးကန်သွင်းမှုရှင်းထုတ်ခြင်း ၁ကြိမ်
  • အမြင့်ဘောယှဉ်လုနိုင်မှု ၁/၁ကြိမ်
  • အောင်မြင်စွာဘောလုံးယှဉ်လုမှု ၅/၆ကြိမ်

** ကွင်းလယ်ကစားသမားလေး စမစ်ရိုဟာ ရိုနယ်ဒိုအသက် ၂၁ နှစ်အရွယ်တုန်းကထက်ပိုကောင်းတဲ့ ကစားသမားလို့  ဂယ်ရီနဗီးလ်က ချီးကျူးပြောဆိုလိုက်ပါတယ်။  ပွဲစဥ်တိုင်းမှာ နိုင်လိုစိတ်ပြင်းကြကြောင်း ၊ သူတို့လုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်တွေဟာ မယုံနိုင်စရာဖြစ်ကြောင်း အာဆင်နယ်လူငယ်များကို ချီးကျူးသွားပြီး စမစ်ရိုကိုတော့ တည်ငြိမ်ပြီး အကြောက်အလန့်ကင်းမဲ့တဲ့ ကစားသမားအဖြစ်ညွန်းဆိုခဲ့တာပါ။

** Arsenal Fever ရဲ့ခန့်မှန်းချက်အရ မာတင်နယ်လီနဲ့ အန်ကတ်တီယာတို့ဟာ  လိဒ်အသင်းနဲ့  Carabao ပွဲစဥ်မှာ ပွဲထွက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ Website ရဲ့အဆိုအရ    ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာမယ်လို့ဆိုထားပြီး

ဂိုး – လီနို

နောက်တန်း – ဆီဒရစ် ၊ ဟိုးဒင်း  ၊ ဂါဘရီယယ် ၊ တာဗာရက်စ်

အလယ်တန်း – အယ်နီနီ ၊ နိုင်းလ် ၊ ပေပေ ၊ အိုဒီဂတ် ၊ မာတင်နယ်လီ

ရှေ့တန်း – အန်ကတ်တီယာ    တို့ဖြစ်ပါတယ်။

** စကော့တလန်ကလပ် ရို့စ် ကောင်တီအသင်းကို အငှားနဲ့သွားကစားနေတဲ့ အသက် ၂၀ အရွယ်နောက်ခံလူ ဟယ်ရီကလပ်ရဲ့ခြေစွမ်းတွေအတွက် ပရိတ်သတ်တွေက အားရနေကြပါတယ်။ ကလပ်ဟာ ၈ ပွဲကစားရာမှာ ၃ ဂိုးသာခွင့်ပြုထားရပြီး အသင်းအတွက်လည်း ၂ ဂိုးသွင်းပေးထားနိုင်ပါတယ်။

** အသင်းခေါင်းဆောင် အူဘာမီယန်ရဲ့ ကစားပုံဟာ  ကစားသမားဘဝရဲ့နောက်တစ်ဆင့် ကိုတက်‌ရောက်သွားပြီလို့ နည်းပြအာတီတာက ချီးကျူးပြောပြလိုက်ပါတယ်။ အသင်းရဲ့နေရာစုံမှာလိုက်လံဖြည့်တင်းနိုင်ပြီး ၊ စီနီယာကစားသမားနေနဲ့ ဂိုးသွင်းတာထက်ပိုတဲ့ ဦးဆောင်မှု ၊ အကျိုးပြုမှုများကိုလုပ်ဆောင်နေတဲ့ အူဘာမီယန်ကိုပိုနှစ်သက်ကြောင်း ပြောဆိုသွားတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: