ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (24Oct-9am)

** စပိန်မြေမှာအဆင်မပြေတဲ့ ကြယ်ပွင့်ဟောင်း ဟာဇက်ကို သန်း ၅၀ နဲ့ပြန်လည်ကမ်းလှမ်းဖို့ စီစဥ်နေတယ်လို့  စပိန်သတင်းစာ  El Nacional  ကဖော်ပြပါတယ်။  လက်ရှိအချိန်မှာအသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဟာဇက် ဟာ ၂၀၁၉ ခုနှစ်တုန်းက စပိန်မြေသို့ပြောင်းသွားခဲ့တာဖြစ်ပြီး ၅၁ ပွဲကစား  ၅ ဂိုးသွင်း ၊ ၉ ကြိမ်ဖန်တီးဆိုတဲ့ ရလဒ်ကိုသာ ရရှိထားတာဖြစ်ပါတယ်။

** အသင်းမှာနေရာစုံက ဂိုးသွင်းနိုင်သူတွေရှိလို့ ဝမ်းသာရပေမယ့် ရာသီကုန်မှာ ဂိုးသွင်းအများဆုံးသူကိုတော့ တိုက်စစ်မှုးတွေကိုသာဖြစ်စေချင်ကြောင်း ၊ (ဥပမာအနေနဲ့) ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက ပင်နယ်တီတွေအပါအဝင် ဂိုးသွင်းအများဆုံးဖြစ်နေမှာကို မမြင်ချင်ကြောင်း နည်းပြတူချယ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

** နောက်ခံအစွန်လူတွေဖြစ်ကြတဲ့ ချီးဝဲလ် နဲ့ ဂျိမ်းတို့ဟာ ပုံမှန်ဂိုးသွင်းသူတွေဖြစ်လာတဲ့အပေါ် တူချယ်က ကျေနပ်နေပါတယ်။ သူက “  ကျွန်တော်တို့ရဲ့ကစားပုံမှာ နောက်ခံအစွန်လူတွေရဲ့ထိုးဖောက်မှုတွေက တဖက်အသင်း ခံစစ်စည်းထဲထိသက်ရောက်ဖို့အလွန်အရေးကြီးပါတယ်  “လို့ညွန်းဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာ ချီးဝဲလ်ဟာ   ပွဲသုံးပွဲဆက်ဂိုးသွင်းယူထားပြီး  ဂျိမ်းကလည်းခြေစွမ်းတွေဆက်တိုက်ပြနေပါတယ်။

** ဘောလုံးပွဲဝေဖန်သူနဲ့ ကစားသမားဟောင်း အန်ဒီတောင်ဆင်က  မေဆင်မောင့်ရဲ့ တိုးတက်လာမှုကို ချီးကျူးသွားခဲ့ပြီး ၊ ကျန်တဲ့အသင်းဖော်တွေက မောင့်ကို ခေါင်းဆောင်တစ်ဦးလို မြင်နေကြပြီဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

** ချဲလ်ဆီးအသင်းပစ်မှတ် ဒီကလန်ရိုက်စ် ဟာ မနေ့ကပွဲအပြီး ချီးဝဲလ်တင်ထားတဲ့  Instagram ပို့စ်အောက်မှာ ဂုဏ်ယူကြောင်း   Comment လာပေးသွားခဲ့ပါတယ်။ ရိုက်စ်ဟာ အသင်းဖက်ကအလိုရှိနေသူဖြစ်ပြီး ကစားသမားကလည်း လာဖို့စိတ်အားထက်သန်နေပေမယ့် ဝက်စ်ဟမ်းဖက်က တော့ရောင်းချလိုခြင်းရှိမနေပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: