နောက်ဆုံးရအာဆင်နယ် သတင်းများ (24Oct-3pm)

** Sky Sports တင်ဆက်သူများဖြစ်တဲ့ ဂျက်ဖ်စတဲလင်း နဲ့ လီဟင်ဒရီတို့ဟာ  ကွင်းလယ်လူဆမ်ဘီလိုကွန်ဂါအပေါ်ချီးကျူးလိုက်ကြပြီး လုံးဝထင်မှတ်မထားလောက်အောင် ကောင်းမွန်ကြောင်း ၊ သူနဲ့ ပါတေးတို့ဟာ နိုင်ပွဲမှာ အဓိကမောင်းနှင်ခဲ့ကြတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

** အသင်းရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ ကလစ်ချီက အာတီတာအနေနဲ့ အူဘာမီယန်းကို တိုက်စစ်ဗဟိုမှာသာထားပြီးကစားစေဖို့လိုအပ်ကြောင်း ၊ ဘယ်တောင်ပံမှာဆိုရင်အဆင်မပြေကြောင်း    Stadium Astro နဲ့တွေ့ဆုံစဥ်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အူဘာရဲ့သွင်းဂိုးတွေအတွက်ဝမ်းသာကြောင်း ၊ အာတီတာအနေနဲ့ ကစားသမားကောင်းတွေကို နေရာမှန်မှာထားရှိရမှာဖြစ်ကြောင်းထောက်ပြသွားခဲ့ပါတယ်။

** စပိန်သတင်းစာ  Fichajes ရဲ့ဖော်ပြချက်အရ ဘစ်ဆူးမားလုပွဲကို အာဆင်နယ်အသင်းလည်း ဝင်ရောက်လာပြီဖြစ်ပြီး လီဗာပူးအသင်းနဲ့အပြိုင်ကြိုးပမ်းမယ်လို့ ဖော်ပြသွားပါတယ်။ ဘစ်ဆူးမားနဲ့ အာဆင်နယ်သတင်းကတော့ မထူးဆန်းတော့တဲ့အချိန်မှာ အဆိုပါသတင်းစာက ထပ်မံဖော်ပြလာတာဖြစ်ပါတယ်။

** အာဆင်နယ်အသင်းနဲ့နာမည်ထွက်နေတဲ့ ဇင်းနစ်တိုက်စစ်မှုး  ဆာဒါအက်ဇမုံကို ပြင်သစ်ကလပ်လိုင်ဘွန်က ဇန်နဝါရီမှာကမ်းလှမ်းတော့မယ်လို့  Footy Extra  ကဖော်ပြသွားပါတယ်။ အဆိုပါ အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှုးဟာ ရာသီကုန်မှာ စာချုပ်ကုန်တော့မှာဖြစ်လို့ အလွတ်နဲ့လက်မလွတ်ရစေဖို့ ဆောင်းရာသီမှာရောင်းထုတ်ဖို့လိုနေတာဖြစ်ပါတယ်။

** အသင်းရဲ့ ဂိုးသမားဟောင်းကြီးဒေးဗစ်ဆီးမင်းက  အသင်းရဲ့ပြန်လည်ဦးမော့လာတဲ့အခြေအနေအတွက်အာတီတာနဲ့အသင်းသားတွေကို ချီးကျူးခဲ့ပေမယ့် အဆင့် ၈ ၊ ၉ နေရာတွေဟာ အာဆင်နယ်အသင်းရပ်တည်ရမယ့်နေရာမဟုတ်ဘူးလို့ဆိုလိုက်ပြီး အသင်းပိုင်းရှင်တွေကို လိုအပ်တဲ့ထောက်ပံ့မှုတွေပြုလုပ်ပေးဖို့အတွက်တောင်းဆိုသွားခဲ့ကြောင်း  Mirror ကဖော်ပြခဲ့ပါတယ်။

** အာဆင်နယ်အသင်းနဲ့ ရိုးမားအသင်းတိုအပြိုင်စိတ်ဝင်စားနေတဲ့ အသက် ၂၃ နှစ်အရွယ် အေဂျက်စ်နောက်ခံလူ  မက်ဇ်ရာအီ   ကို လိဒ်အသင်းကပါ ဝင်ရောက်ကြိုးပမ်းတော့မယ်လို့    Footy Extra ကဖော်ပြပါတယ်။ အဆိုပါ မော်ရိုကို ခံစစ်မှုးကို ဘီယဲဆာက သူ့အသင်းအားဖြည့်ဖို့အလိုရှိနေပြီး ၊ လက်ရှိအသင်းနဲ့လည်းစာချုပ်ပြည့်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: