နောက်ဆုံးရ အာဆင်နယ် သတင်းများ (23Oct – 3pm)

** “ အပတ်စဥ်တိုင်းမှာ သစ္စာရှိရှိအားပေးနေကြတဲ့ ပရိတ်သတ်တွေအတွက် ပျော်ရွင်စရာတစ်စုံတစ်ရာ ကို အစွမ်းကုန်ပြန်လည်ဖြည့်ဆီးပေးချင်ခဲ့ကြပါတယ်”  လို့   ဗီလာနဲ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားလေး စမစ်ရိုက  Football Daily  သို့ပြောကြားခဲ့ပါတယ်။  စမစ်ရိုဟာ ကိုယ်တိုင်လဲ လှပတဲ့တဂိုးသွင်းခဲ့ပြီး ရှုံးပွဲတွေရပ်တန့်အောင်တောက်လျှောက်ကောင်းမွန်စွာ စွမ်းဆောင်နေခဲ့တဲ့သူဖြစ်ပါတယ်။

** အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့  ဆွစ်ဇာလန်ကလပ် ဘေဆယ်တိုက်စစ်မှုး အာသာကာဘရယ် ဟာ လီဝန်ဒေါစကီး ၊ ဘာပေ ၊ ဟာလန်း ၊ ဘင်ဇီမာတို့ ထက်တောင်ပိုကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်းရှိနေတယ်လို့   hitc.com က ဖော်ပြထားပါတယ်။ အဆိုပါတိုက်စစ်မှုးဟာ ဒီရာသီ စုစုပေါင်း ပြိုင်ပွဲစုံ ၁၉ ပွဲအပြီးမှာ ၂၁ ဂိုးသွင်းယူထားနိုင်တာဖြစ်ပါတယ်။

** ပေါင် ၇ သန်းသာကုန်ကျခဲ့တဲ့ နောက်ခံအစွန်လူ နူနိုတာဗာရက်စ်ရဲ့ခြေစွမ်းအတွက် ပြိုင်ဖက်ပရိတ်သတ်များစွာကပါ နည်းစနစ်ဒါရိုက်တာ အီဒူးကို  ချီးကျူးမှုတွေပြုလုပ်နေကြပါတယ်။ သန်မာလျှင်မြန်တဲ့ တာဗာရက်စ်ရဲ့ကစားပုံကြောင့်  သူတို့ဟာ ကိုယ်ပိုင် ထရာအိုရေး တစ်ယောက်ကိုပိုင်ဆိုင်ခဲ့ပြီဆိုပြီး ခိုင်းနှိုင်းပြောဆိုနေကြပြီဖြစ်ပါတယ်။

** နယ်သာလန်ကစားသမားဟောင်း ရာဖေးလ်ဗန်ဒါဗတ်က  အေဂျက်ဒါရိုက်တာ အိုဗားမာစ်းအနေနဲ့ နယူကာဆယ်အသင်းရဲ့စိတ်ဝင်စားမှုကို ရရှိနေသော်လည်း အာဆင်နယ်အသင်းကိုပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒပိုရှိနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ ဆက်လက်ပြီး နယူးကာဆယ်အသင်းသို့ပြောင်းရွှေ့မယ်လို့ မထင်ကြောင်းလဲ ထင်မြင်ချက်ပေးသွားခဲ့ပါတယ်။

** ၄-၄-၂ ပုံစံနဲ့ပွဲထွက်လာခြင်း ၊ နူနိုတာဗာရက်စ်ကို အကောင်းဆုံးအသုံးချနိုင်ခြင်းတို့ဟာ  ဗီလာရဲ့အစီအစဥ်တွေအားလုံးကိုချေဖျက်လိုက်နိုင်တယ်လို့  Daily Cannon  ရဲ့  ဆောင်းပါးရှင်  Steven Bradley  က သုံးသပ်လိုက်ပါတယ်။

** မာတီနက်စ်ကိုမေ့ပစ်လိုက်လို့ရပြီဆိုတာကို မနေ့ကပွဲမှာ ရမ်းစ်ဒေးလ်ကသက်သေပြလိုက်ပြီလို့ ပရိတ်သတ်တွေက ပြောဆိုနေကြပါတယ်။ မာတီနက်ရဲ့ပွဲကြိုပြောစကားတွေကြောင့်  ကစားနေစဥ်မှာလည်း ပရိတ်သတ်တွေက သံပြိုင်သီချင်းနဲ့အတူ လှောင်ပြောင်ခဲ့ကြပါ‌သေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: