အာဆင်နယ် Vs ဗီလာပွဲ အသေးစိတ်သုံးသပ်ချက်

ပထမဆုံးချီးကျူးရမယ့်အချက်က အာဆင်နယ်အသင်းမှာ ရာသီများစွာ ပျောက်ဆုံးနေခဲ့တဲ့  တိုက်ပွဲဝင်စိတ်ဓါတ်ဟာ တစတစနဲ့ပြန်လည်အမြစ်တွယ်ခဲ့ပြီပဲဖြစ်ပါတယ်။  ပဲလေ့စ်နဲ့ပွဲတုန်းကလဲမြင်ခဲ့ရပြီး အခုပွဲမှာလည်း လူငယ်ကအစ စီနီယာအဆုံးအားကြိုးမာန်တက် ကစားနေကြတာကိုမြင်ရပါတယ်။ ဒီအရာကပဲ  Intensive Pressing Play  လုပ်ချင်တဲ့ အာတီတာအတွက် အဆင်ပြေခဲ့ပါတယ်။

ဒီပွဲမှာ တိုက်စစ်နေရာမှာ အူဘာကိုထား ၊ ကွင်းလယ်မှာ ပါတေး ၊ ဆမ်ဘီ  အထိုင် ၊ အစွန်နှစ်ဖက်မှာ ဆာကာနဲ့ စမစ်ရို တို့ကိုထားပြီး လာကာဇက်ကိုတော့ လိုက်လံချိတ်ဆက်ကစားတဲ့ပုံစံ နဲ့တိုက်စစ်ဆင်ခဲ့ပါတယ်။ ဒီပုံစံဟာ အသင်းရဲ့   Balance တစ်ခုကိုကောင်းစွာဖြစ်စေတာကိုမြင်ခဲ့ရသလို လာကာဇက်ကြောင့်လည်း ပိုပြီးအထမြောက်သွားခဲ့တာပါ။

ပထမပိုင်းတစ်ပိုင်းလုံး  ဗီလာတို့ ကန်ခွင့်တစ်ကြိမ်တောင်မရအောင်ကို ကွင်းလယ်ကစိုးမိုးနိုင်ခဲ့တယ်။ တာဗာရက်စ်ရဲ့  မတူညီတဲ့ကစားဟန်က အသင်းကိုအထောက်အကူဖြစ်စေခဲ့ပြီး ဆမ်ဘီနဲ့ပါတေးတို့ဟာ ကွင်းလယ်ကိုချုပ်ကိုင်ဖို့အတွက် အခွင့်အရေးကောင်းစွာရခဲ့ပါတယ်။ နောက်ထပ်ကောင်းခဲ့တာက အလွန်လျှင်မြန်တဲ့  Transition တွေပါပဲ။ ခံစစ်ကနေ တိုက်စစ်ကိုပြောင်းချိန် ၊ တဖက်နောက်တန်းကို ခေါ်ထုတ်ကစားချိန်တွေမှာဖြစ်လာတဲ့   Space ကို လျှင်မြန်စွာအသုံးချနိုင်ခဲ့ပါတယ်။

ပထမဂိုးမရခင်ထဲက ကန်ခွင့်တွေများစွာရနေခဲ့ပြီး ပါတေးရဲ့ ကန်ချက်တိုင်ထိတာကလည်း နှမြောစရာပါ။ လိုအပ်ချက်အနေနဲ့ပြောရရင်တော့ ညာခြမ်းက ဆာကာအနေနဲ့ ထိုးဖောက်မှုတွေမှာ ပိုမိုကောင်းမွန်တဲ့ ပရိယာယ်တွေရှိဖို့ပါပဲ။ ဒါကတော့ အတွေ့အကြုံကသင်ယူသွားရမယ်လို့ထင်ပါတယ်။

နောက်ထပ် အသင်းတိုက်စစ်လမ်းကြောင်းကိုဖော်ဖို့ မြင်သာတဲ့အားထုတ်မှုတွေကိုပြုလုပ်သွားတာက နောက်ခံလူ ဘင်ဝှိုက်ပါပဲ။ ၃ ကြိမ်ထက်မနဲ တစ်ကိုယ်တော်ဆွဲပြေးမှုတွေပြုလုပ်ပြီး အသင်းဖော်တွေဆီပို့ပေးနိုင်ခဲ့ပါတယ်။ အထူးချီးကျူးရမှာက လာကာဇက်ရဲ့ ရုန်းအား ၊ တိုးအားတွေဖြစ်ပြီးအသင်းရဲ့ကစားပုံကိုရော စိတ်ဓါတ်ကိုပါအကြီးအကျယ်သက်ရောက်မှုပေးနိုင်ခဲ့ပါတယ်။

ဒီအချက်တွေက ကစာသမားတွေရဲ့လုပ်ဆောင်ချက်တွေဖြစ်ပြီး ကစားပုံအရတော့  ကွင်းလယ်ကစားသမားတွေနဲ့ တိုက်စစ်သမားတွေရဲ့  Build Up ကနေအဓိကထိုးဖောက်ခဲ့ပြီး ၊ ကစားရကျပ်နေရင် နောက်နဲ့ပြန်တွဲပြီး  Direct Pass တွေလုပ်ဆောင်ကာ ဗီလာကိုလှုပ်မရအောင်တိုက်စစ်ဆင်ခဲ့ကြပါတယ်။ ဗီလာတိုက်စစ်ဆင်ချိန်ဆိုရင်တော့  Interception တွေကနေရာ ၊ One On One Tackle တွေကနေရော ကစားကွက်ကိုဖျက်စီးခဲ့ပါတယ်။

တောက်လျှောက်ဖိနေတဲ့ အာဆင်နယ်တို့   ထောင်ကန်ဘောကနေ ဂိုးစရခဲ့ပြီး ၊ ဒီဂိုးမှာ အူဘာနဲ့ လာကာတို့ အောင်ပွဲခံကြပုံက အသင်းတစ်သင်းရဲ့  Passion ကိုမြင်ရတာပါပဲ။ ပါတေးကတော့ အဝေးကန်ချက်တွေနဲ့အစွမ်းပြဖို့ကြိုးစားပေမယ့်ခေါင်းတိုက်ဂိုးနဲ့ပဲစျေးဦးပေါက်သွားတာပါ။

အာဆင်နယ်အသင်းတချက်တချက်ထိုးဖောက်သွားတိုင်းမှာ  စမစ်ရိုနဲ့ ဆာကာတို့ရဲ့ လျှင်မြန်မှု ၊ ဘောလုံးလမ်းကြောင်းကြိုတင်မှန်းဆနိုင်မှုတို့က အခရာကျခဲ့ပါတယ်။ အထူးသဖြင့် စမစ်ရို ဟာ ဘောလုံးအပျက်ပိုနည်းခဲ့ပြီး Passing Option တွေပိုများအောင် Position Play လုပ်နိုင်ပါတယ်။

ဒုတိယဂိုးကတော့ ဒီပွဲရဲ့ ဒရာမာများတဲ့အခိုက်အတန့်ပါပဲ။ ဒိုင်လူကြီးတွေသိပ်ပြီး ဥပေက္ခာမပြုရဲတော့တဲ့ အာဆင်နယ် (တစ်ပွဲထဲဆိုရင်တော့မပြောတတ်)  ကိုမြင်ခဲ့ရပြီး လာကာ လူချကစားခံရတာကို ပယ်နယ်တီပေးခဲ့ပါတယ်။ ဒီအချိန်မှာ  စိတ်ဓါတ်စစ်ဆင်ရေးထက်   Disrespect Manner တွေကို ပြသတဲ့ မာတီနက်စ် ကို အူဘာကကျော်ဖြတ်ပြီး ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်။ အမြဲတမ်း အာဆင်နယ်ကို ဖိအားပေးနေတဲ့ မာတီနက်စ် ကို ကျော်လွန်သွားတဲ့အခိုက်အတန့်ပါပဲ။

တတိယဂိုးကတော့ အူဘာရဲ့   အာဆင်နယ်  DNA ပါလာတဲ့ ဘောလုံးထုတ်ပေးချက်ကို စမစ်ရိုက ဆွဲပြေးပြီးကန်သွင်းသွားခဲ့တာပါ။ ဒါဟာ ကြောက်စရာကောင်းလာပြီဖြစ်တဲ့ အာဆင်နယ်ရဲ့ ထောင်ချက်တစ်ခုပါပဲ။ စပါးနဲ့ပွဲတုန်းကလည်း ဒါမျိုးမြင်ခဲ့ရပြီးဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အဓိက ကစားသမားတွေအနားပေးခဲ့ပြီးနောက် ကစားပုံလည်း နဲနဲကျသွားတာကြောင့် ဗီလာတို့ပြန်ဖိနိုင်ခဲ့ပြီး ချေပဂိုးလည်းပေးခဲ့ရပါတယ်။

ဒီပွဲအနိုင်ကြောင့် ဇယားမှာကြီးမားတဲ့ခုန်တက်မှုမဖြစ်သေးပေမယ့် ထိပ်ပိုင်းနဲ့ပိုမိုနီးကပ်လာပြီဖြစ်လို့ ရလဒ်ကောင်းတွေသာဆက်တိုက်ရယူနိုင်မယ်ဆိုရင်တော့ အသင်းကြီးတစ်သင်းလို ပြန်လည်ခံစားရဖို့ရှိပါတယ်။ ဒါပေမယ့် အသင်းဟာ တည်ဆောက်နေဆဲကာလဆိုတာကို သတိပြုရမှာဖြစ်ပြီး အဆင်မပြေတဲ့နေ့တွေလည်းရှိနေနိုင်သေးတာကိုသတိပြုရပါမယ်။

ဒီတစ်ပွဲစာချုံပြီးပြောရရင်တော့ သိပ်သည်းလာပြီဖြစ်တဲ့ ကစားဟန်မှာ နေရာစုံက ကစားသမားတွေပိုပြီးစွမ်းဆောင်လာနိုင်ပြီလို့ပဲဆိုရပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: