ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (22Oct-5pm)

ချဲလ်ဆီးအသင်းဟာ ရီးရဲမက်ဒရစ်နောက်ခံလူ ဖာလန်းမန်ဒီကို သန်း ၆၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေတယ်လို့    El Nacional သတင်းစာကဖော်ပြပါတယ်။ အဆိုပါ အသက် ၂၆ နှစ်အရွယ်ပြင်သစ်သားဟာ ၂၀၁၉ ခုနှစ်တုန်းက လိုင်ဘွန်ကနေ ရီးရဲကိုပြောင်းလာခဲ့တာဖြစ်ပြီး  စပိန်ကလပ်အတွက် အဓိက ကစးသမားလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားလ်ဟာ  ချဲလ်ဆီးနည်းပြ တူချယ်နဲ့ အလွန်ကွာဝေးတဲ့အဆင့်အတန်းတစ်ခုမှာသာရှိနေကြောင်း ၊  စီမံအုပ်ချုပ်ပုံနဲ့ ဆုဖလားရရှိမှုတွေမှာ လိုအပ်ချက်များစွာရှိနေကြောင်း  ဂျေမီကာရေဂါက Telegraph အတွက်ရေးသားတဲ့ဆောင်းပါးမှာရေးသားဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ဂျက်ဝီးရှိုင်းယားက  ချဲလ်ဆီးတိုက်စစ်မှုး လူကာကူဟာ ဂိုးသွင်းသူတစ်ယောက်ထက်ပိုကြောင်း ၊ သူပါဝင်ခြင်းဟာ တဖက်နောက်ခံလူတွေကို ကြောက်ရွံနေစေကြောင်း ၊  လျှင်မြန်သန်မာပြီးအသင်းကို အလွန်အကျိုးပြုနိုင်သူဖြစ်ကြောင်း ချီးကျူးသွားခဲ့ပြီး  သူမပါဝင်နိုင်ခြင်းကြောင်း ချဲလ်ဆီးအသင်းဟာ သတိရနေလိမ့်မယ်လို့  ဆိုခဲ့ပါတယ်။

ဟာလန်းနဲ့ပတ်သတ်ပြီး အလွန်များပြားတဲလုပ်ခလစာကိုမျှော်လင့်ထားတဲ့ အေးဂျင့်ကြောင့် အသင်းကြီးများသာ လက်လှမ်းမှီနိုင်တဲ့အနေအထားသို့ရောက်ရှိသွားခဲ့ပြီး ၊ ချဲလ်ဆီးအသင်းအတွက်အလားအလာပိုကောင်းလာပြီဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လိဂ်ပွဲ ၉ ပွဲမှာ ၅ ဂိုးသွင်းထားနိုင်တဲ့   ကလဲရားမောင့် တိုက်စစ်မှုး  မိုဟာမက်ဘာယို  ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့  Calcio Marcato ကဖော်ပြပါတယ်။ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှုးဟာ ပြောင်းရွေ့ကြေးသက်သာပြီး  ပရီးမီးယားကလပ် ဘရိုက်တန်ကလည်းစိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: