** အာဆင်နယ်အသင်းအနေနဲ့ သူတို့ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်ကွင်းလယ်လူ ဇာကာရီယား ကို ခေါ်ယူချင်တယ်ဆိုရင် အလျှင်အမြန်လုပ်ဆောင်ရမှာဖြစ်ကြောင်း Footy Extra ကဖော်ပြပါတယ်။ တဖက်မှာ မန်စီးတီအသင်းကလည်းလိုချင်နေကြောင်း Manchester Evening သတင်းစာကဖော်ပြပြီးတဲ့အနောက်မှာ အခုလို အာဆင်နယ်ကိုတွန်းအားပေးရေးသားသွားတာဖြစ်ပါတယ်။ ခိုင်မာတဲ့ကွင်းလယ်အထိုင်တစ်ခုရဖို့အတွက် အာဆင်နယ်အသင်းဟာ နောက်ထပ်ကစားသမားတွေခေါ်ယူဖို့လိုအပ်နေပါသေးတယ်။
** ဗီလာအသင်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် စမစ်ရို ကိုဘယ်တုန်းကမှရောင်းချဖို့စိတ်ကူးမရှိခဲ့ဘူး ဆိုပြီးနည်းပြ အာတီတာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂန္တဝင်နံပါတ် ၁၀ ဝတ်ဆင်ပြီးခြေစွမ်းပြနေတဲ့ကစားသမားလေးဟာ အသင်းရဲ့အနာဂတ်စီမံကိန်းတွေမှာ အဓိက ကျကြောင်းထုတ်ဖော်ပြောကြားခြင်းခံထားရသူလည်းဖြစ်ပါတယ်။
** တိုက်စစ်မှုးအူဘာအနေနဲ့ နောက်ထပ်အိမ်ကွင်းသွင်းဂိုး ၅ ဂိုးရရှိပြီဆိုရင် ဗန်ပါစီတင်ထားခဲ့တဲ့ ၄၆ ဂိုးစံချိန်ကိုကျော်လွန်နိုင်ပြီဖြစ်ပါတယ်။ လက်ရှိမှာ ပဲလေ့စ်နဲ့ပွဲသွင်းဂိုးကြောင့် ၄၂ ဂိုးရပြီဖြစ်တဲ့ အူဘာဟာ အနီးဆုံးအိမ်ကွင်းပွဲအဖြစ် ဗီလာအသင်းနဲ့ကစားရဖို့ရှိနေပါတယ်။
** အူဘာမီယန်းတွဲကစားချင်တဲ့ ဘာကာတိုက်စစ်မှုး ဒမ်ဘီလီဟာ ပရီးမီးယားကလပ် နယူးကာဆယ်အသင်းကို ရောက်ရှိလာဖို့နီးစပ်နေပါတယ်။ အူဘာနဲ့ ဒမ်ဘီလီတို့ဟာရင်းနှီးတဲ့မိတ်ဆွေများလည်းဖြစ်ကြပါတယ်။
** ကာလရှည်ကြာစိတ်ဝင်စားခဲ့တဲ့ ပြင်သစ်သား ရာဘီယော့နဲ့ပတ်သတ်ပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွေအတွက်အသင့်ရှိနေပြီလို့ Balken Talk ကဖော်ပြပါတယ်။ အာတီတာဟာ သူ့ရဲ့ကွင်းလယ်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မယ့်သူအဖြစ် ရာဘီယော့ကို ယုံကြည်နေပါတယ်။ လက်ရှိဂျူဗီမှာလည်း ပုံစံကောင်းတွေပြသနေတဲ့သူဖြစ်ပါတယ်။
Leave a Reply