နောက်ဆုံးရ အာဆင်နယ် သတင်းများ (21Oct- 2pm)

အာဆင်နယ်တိုက်စစ်မှုးဟောင်း အွန်နရီဟာ သူ့တသက်တာမှာ အကောင်းဆုံးတွဲဖက်ကစားခဲ့တဲ့ ကစားသမားအဖြစ် ဘာစီလိုနာမှာ ကစားဖော်ဖြစ်ခဲ့တဲ့ လီယိုနယ်မက်ဆီအစား  အာဆင်နယ်မှာ ၇ နှစ်ကြာ တူတူကစားခဲ့တဲ့ နယ်သာလန်သားကြီး ဒင်းနစ်စ်ဘားကင့်မ့်ကို ရွေးချယ်ခဲ့ပါတယ်။  Mirror Sport က  မေးမြန်းတဲ့ ဒီမေးခွန်းကို ဂန္တဝင်ကြီးက မဆိုင်းမတွပဲ ဖြေဆိုသွားခဲ့တာပါ။

ဗုဒ္ဓဟူးနေ့လေ့ကျင့်ခန်းကို လွဲခဲ့ရပေမယ့် ဆေးအဖွဲ့ရဲ့မှတ်ချက်ပေါ်မူတည်ပြီး ဗီလာနဲ့ပွဲစဥ်မှာ ဆာကာ ပါဝင်လာနိုင်တယ်လို့   The Sun ကဖော်ပြပါတယ်။ နည်းပြအာတီတာအနေနဲ့လည်း ဆာကာပြန်လည် ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ဆာလီဘာကို ဇန်နဝါရီမှာပြန်လည်ခေါ်ယူသွားနိုင်တယ်လို့ ဆိုနေကြပေမယ့် ဖြစ်လာဖို့မရှိပဲ ၊ မာဆေးအသင်းမှာသာရာသီကုန်ထိကစားမှာဖြစ်တယ်လို့  ပြင်သစ်သတင်းထောက် Julien Maynard   က ဆိုပါတယ်။

အာဆင်နယ်အသင်းစိတ်ဝင်စားနေတဲ့ တောင်ပံကစားသမား စတာလင်ကို ပြောင်းရွေ့ကြေး ပေါင်သန်း ၆၇ သန်း မန်စီးတီးဖက်ကသတ်မှတ်လိုက်ကြောင်း  Footy Extra က ဖော်ပြပါတယ်။ အဆိုပါကစားသမားကို စီးတီးတို့ဟာ ခေါ်ယူစဥ်က  ၄၉ သန်းကုန်ကျခဲ့တာပါ။

ပဲလေ့စ်နဲ့ပွဲမှာ လိုချင်တဲ့ရလဒ်မရခဲ့ပေမယ့် အသင်းခေါင်းဆောင်တိုက်စစ်မှုး အူဘာရဲ့ ကစားဟန်ကိုတော့ အီယန်ရိုက်က ချီးကျူးသွားခဲ့ပါတယ်။  ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲတာ ကိုရော ၊ အားကြိုးမာန်တက်ကစားဟန်ကိုရော ချီးကျူးခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: