နောက်ဆုံးရ အာဆင်နယ် သတင်းများ (20 Oct – 12pm)

ဆွစ်ဇာလန်ကလပ် ဘာဆယ် တွင်ကစားနေသော ဘရာဇီးတိုက်စစ်မှုး အာသာ ကာဘရယ်ကို မြို့ခံပြိုင်ဖက်စပါးအသင်းအနဲ့အပြိုင်စောင့်ကြည့်နေတယ်လို့   TeamTalk ကဖော်ပြပါတယ်။ အဆိုပါ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှုးဟာ တိုးတက်လာဖွယ်ရှိတဲ့ ကစားသမားအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး အခုရာသီမှာလည်း Europa Conference League  အပါအဝင် ပြည်တွင်းပြည်ပ  ပြိုင်ပွဲစုံမှာ  ဂိုးတွေဆက်တိုက်သွင်းနေသူဖြစ်ပါတယ်။

နည်းပြ အာတီတာ ဟာ   ဆာကာကို ရှင်းရှင်းလင်းလင်း ပစ်ဒဏ်ကျူးလွန်ခဲ့တဲ့ မက်အာသာဘာကြောင့်အနီကတ်မထိခဲ့ပဲ ဆက်ကစားခွင့်ရခဲ့သလဲဆိုတာ နားမလည်နိုင်ကြောင်း Sky Sports သို့ပြောကြားခဲ့ပါတယ်။ မက်အာသာရဲ့ လူချကစားခံရတာကြောင့် ဆာကာကိုလည်း လူစားလဲခဲ့ရပါတယ်။

ရီးရဲကစားသမား အဆန်ဆီယိုကိုခေါ်ယူရေးမှာ အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဖက်အပါအဝင်အခြားအသင်းတွေထက်ရှေ့ကပြေးနေတယ်လို့  Just Arsenal ကဖော်ပြပါတယ်။ အဆိုပါစပိန်သားအတွက် ရီးရဲဟာ ပေါင် ၃၄ သန်းသတ်မှတ်ထားပြီး လီဗာပူး ၊ အာဆင်နယ် နဲ့ စပါးတို့က အပြိုင်စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမား အယ်နီနီ အနေနဲ့ ဇန်နဝါရီမှာပြောင်းရွှေ့နိုင်ဖို့ ဂါလာတာစာရေးအသင်းနဲ့ အချက်အလက်တွေသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့် ၊ အာဆင်နယ်အသင်းနဲ့တော့ ညှိနှိုင်းမှုတွေလုပ်ရဦးမယ်လို့  Fanatik သတင်းအရ သိရပါတယ်။

ကွင်းလယ်လူ သောမတ်စ်ပါတေးကို ဖိအားပေးနိုင်ဖို့အတွက် အေစီမီလန်အသင်းရဲ့ ကွင်းလယ်လူ ဗရန့်ကတ်ဆီ ကို အာတီတာက စိတ်ဝင်စားနေတယ်လို့   Todo fichajes  က ဖော်ပြပါတယ်။ အဆိုပါ အိုင်ဗရီကို့စ် ကစားသမားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိနိုင်မှာဖြစ်ပြီး အသင်းပေါင်းများစွာကအလိုရှိနေသူလဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: