နောက်ဆုံးရအာဆင်နယ်အပြောင်းအရွှေ့သတင်းများ (17Oct-7pm)

(1) ထိပ်ဆုံးခြောက်သင်းထဲမှာခန်းခန်းနားနားပြန်လည်ရပ်တည်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဟာ အဲဗာတန်တိုက်စစ်မှုး ကဲဗက်လီဝင်ကို သန်း ၅၀ နဲ့ခေါ်ယူဖို့ အားထုတ်နေတယ်လို့  စပိန်သတင်း Outlet တစ်ခုဖြစ်တဲ့ Todo Fichajes  ကဖော်ပြပါတယ်။  အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှုးဟာ EPL  မှာကျင်လည်ကျက်စားနေခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက ရှက်ဖီးအသင်းကနေ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တာပါ။

(2) တိုက်စစ်မှုးလာကာဇက်ကို လာမယ့်ရာသီမှာ အလွတ်နဲ့လက်မလွှတ်ရဖို့ဆိုရင်  အပြန်အလှန်အလိုရှိနေတဲ့ အသင်းတစ်သင်းနဲ့ ချိတ်ဆက်ရမှာဖြစ်လို့  ဆီဗီးလားတိုက်စစ်မှုး အယ်နာဆရီဟာ အဖြစ်နိုင်ဆုံးခေါ်ယူမှုလို့ သုံးသပ်ပြောဆိုနေကြပါတယ်။ ခေါ်ယူစဥ်က ပေါင် ၄၆.၅ သန်းတန်တိုက်စစ်မှုးကို လာမယ့်ဇန်နဝါရီမှာ တစ်ခုခုမစီစဥ်နိုင်ရင် အလွတ်နဲ့ထွက်ခွာခွင့်ပေးရမှာဖြစ်ပါတယ်။

(3) ဟိုးဒင်း ၊ အယ်နီနီ ၊ ချိန်ဘာစ် ၊ လီနို နဲ့ လာကာဇက်တို့ဟာ ဇန်နဝါရီကာလမှာပဲ အသင်းကထွက်ခွာဖွယ်ရှိနေတယ်လို့   Sportskeeda ကဖော်ပြသွားခဲ့ပါတယ်။

(4) အာဆင်နယ်အသင်း အနေနဲ့ ရီးရဲမက်ဒရစ်အသင်းက အဆန်ဆီယိုကိုခေါ်ယူဖို့ ပိုမိုအားထုတ်လာသလို ၊ ဂါရတ်ဘေးအတွက်လဲ ဆက်လက်ချဥ်းကပ်နေတယ်လို့ ဆိုပါတယ်။ 

(5) Daily Mail ရဲ့ဖော်ပြချက်အရ ဆာဘီးယားတိုက်စစ်မှုး လူကာဂျိုဗစ်ကိုလဲ  အာဆင်နယ်အသင်းဟာ စောင့်ကြည့်နေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: