ယူနိုက်တက်ရဲ့တနေ့တာသတင်းများ (15Oct-7pm)

(1) လက်စတာနဲ့ပွဲမတိုင်ခင်မှာတော့ကစားသမား ၅ ယောက်လောက်က ပါဝင်ကစားဖို့  မသေမချာမရေမရာ ဖြစ်နေပါတယ်။

ဟယ်ရီမက်ဂွိုင်းယားတစ်ယောက်ကတော့ အသင်းနဲ့ပြန်ပေါင်းပြီးတဲ့နောက် လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်ချေ ရှိနေပါတယ်။ ဗာရန်း အနေနဲ့လည်း ရက်သတ္တပတ်အနည်းငယ် စောင့်ကြည့်ရမှာဖြစ်ပြီး ဖရက်ဒ်နဲ့ ကာဗာနီတို့ ကလည်း နိုင်ငံပွဲတွေကြောင့် ပါနိုင်ဖွယ်မရှိသေးပါဘူး။

ဒါကြောင့်နောက်တန်းမှာ လင်ဒီလော့ဒ်နဲ့ ဘိုင်လီ အတွဲပွဲထွက်လာဖို့ရှိပြီး ရက်ရှ်ဖိုဒ့်လဲ ပြန်ပါလာနိုင်ဖွယ်ရှိပါတယ်။ နည်းပြအိုလီကတော့နိုင်ငံတကာပွဲတွေကြောင့် အသင်းသားတွေဒဏ်ရာရတဲ့ အခြေအနေတွေပေါ်မှာ ငြီးညူလျှက်ရှိပါတယ်။

(2) ကစားသမားဟောင်း ဂယ်ရီနဗီးကတော့ အိုလီတစ်ယောက်အသင်းမှာဆက်ရှိနေခြင်းရဲ့ အကြောင်းကို ခုလိုပဲ ပြောပြခဲ့ပါတယ်။

အသင်းမှာက နည်းပြတွေခနခနလဲတာနဲ့ပတ်သတ်ပြီး အတွေ့အကြုံဆိုးတွေရှိထားတယ်ဗျ၊ နည်းပြ တစ်ယောက်ကို ၁ ရာသီ  ၂ ရာသီ စသည်ဖြင့်ထုတ်လိုက်လို့ ပိုကောင်းလာတာမျိုးမကြုံဖူးသေးပါဘူး။ နောက်ပြီး ငွေကုန်ကြေးကျလဲများတယ်ဗျ။ အိုလီနဲ့အတူခရီးဆက်တာကအသင့်တော်ဆုံးပါပဲ

“ နောက်ပြီး ရိုနယ်ဒိုလို ကစားသမားမျိုးကို ကိုင်တွယ်ရတာလဲ အိုလီအတွက် ခက်ခဲတယ်ဗျ။ သူက ဒုတိယ တတိယ ဆုတွေအတွက်လာခဲ့တာမဟုတ်ဘူး၊ ဒီတော့ အိုလီမှာလဲ ဖိအားတွေနဲ့ပါ “ လို့မှတ်ချက်ချသွား ခဲ့ပါတယ်။

(3) အသင်းမှာနေရာမရဖြစ်နေတဲ့  ကွင်းလယ်လူ ဗန်ဒီဘိခ် ကို ဘာစီလိုနာဖက်က အငှားနဲ့ခေါ်ယူလိုနေတယ်လို့   El Nacional   သတင်းစာကဖော်ပြပါတယ်။  ခေါ်ယူစဥ်ကပေါင် ၃၅ သန်းခဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ဘာစီလိုနာဖက် ကတော့ အပြီးသတ်ထက် အငှားနဲ့သာခေါ်ယူလိုနေပါတယ်။

(4) အသက် ၁၈နှစ်အရွယ် လူငယ်ကစားသမားလေး ဇီဇန်အီဘယ် ဟာ ဆန်ဒါးလန်း အသင်းကိုအနိုင်ရတဲ့   ဖလားပွဲမှာ ထူးရှယ်ဂိုးတစ်ဂိုးသွင်းယူပြီး သူ့ရဲ့အလားအလာတွေကိုထုတ်ပြသွားခဲ့တယ်လို့ဆိုပါတယ်။ ယူနိုက်တက်အသင်းဟာ သူ့ကို နောက်ထပ်ဂရင်းဝုဒ်ဖြစ်လာဖို့မျှော်မှန်းနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: