နောက်ဆုံးရအာဆင်နယ်သတင်းများ (15Oct-12pm)

လူငယ်တိုက်စစ်မှုးလေး ဂါဘရီယယ် မာတင်နယ်လီမှာ အသေးစားဒဏ်ရာတချို့ရှိနေတာကြောင့် လာမယ့်အပတ်ပွဲစဥ်မှာပါဝင်ဖို့မသေးချာသေးဘူးလို့  နည်းပြ အာတီတာက ဆိုပါတယ်။ တဆက်တည်းမှာပဲ  မာတင်နယ်လီကို အငှားချသွားဖို့အစီအစဥ်မရှိကြောင်းကိုလည်း အတည်ပြပြောကြားသွားခဲ့ပါတယ်။

နောက်တန်းကိုအခိုင်အမာဖြည့်တင်‌နေတဲ့ အာတီတာအနေနဲ့ လက်စတာစီးတီးနောက်ခံလူ ဂျိမ်းဂျက်စတင် နဲ့ ဘရိုက်တန်ရဲ့  လမ့်တေး တို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာ  Fichajes ကဖော်ပြပါတယ်။

အာတီတာကို ဝေဖန်ထားတဲ့ ဂန္တဝင်တိုက်စစ်မှုး အွန်နရီရဲ့ ဝေဖက်ချက်နဲ့ပတ်သတ်ပြီး   မတူညီတဲ့အမြင်တစ်ခုသာဖြစ်ကြောင်း ၊ ထိုအမြင်ကို မိမိအနေနဲ့လေးစားမှုရှိကြောင်း    အာတီတာက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလနဲ့  ဖေဖော်ဝါရီလတို့မှာကျင်းပမယ့် အာဖရိကဖလားကြောင့်  ပါတေး ၊ အူဘာမီယန် ၊ ပီပီတို့ကို လက်လွှတ်ရဖို့ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ အစားထိုးကစားဖို့အတွက် ကစားသမားသစ်များ အလျှင်အမြန်ရှာဖွေနေရတယ်လို့ သိရပါတယ်။

ဘီဘာအိုနောက်ခံလူ ဒါနီဗီဗီယံကို သန်း ၄၀ နဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့  Footy Extra ကဖော်ပြပါတယ်။ အဆိုပါကစားသမား အသက် ၂၂ နှစ်သာရှိသေးပြီး  အမြင့်ဘောများရှင်းထုတ်ရာမှာလည်းကောင်းမွန်တဲ့ကစားသမားဖြစ်ပါတယ်။ ဟိုးဒင်းနဲ့ ချိန်ဘာစ်တို့ ဒဏ်ရာတွေရနေကြတာ ၊ အရံလူကောင်းကောင်းလိုအပ်နေတာ စတဲ့အချက်တွေကြောင့် နောက်ခံလူသစ်တွေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: