နောက်ဆုံးရအာဆင်နယ်သတင်းများ (14Oct-10am)

ရံပုံငွေအဖြစ် ကစားခဲ့ကြတဲ့ မာဆေးဂန္တဝင်အသင်းနဲ့  အာဆင်နယ်နည်းပြကြီး ဝင်းဂါးရဲ့   Unicef XI အသင်းတို့ရဲ့ခြေစမ်းပွဲမှာ  မာဆေးအသင်းက ၇-၄ နဲ့အနိုင်ရသွားခဲ့ပါတယ်။ မာဆေးအသင်းဖက်မှာ အာဆင်နယ်ကွင်းလယ်လူဟောင်း နာဆရီလဲပါဝင်ကစားခဲ့ပါတယ်။

ဆန်းချက်ကိုခေါ်ယူတုန်းကလိုအောင်မြင်မှုတွေရလိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ဆီဗီးလား တိုက်စစ်မှုး အယ်နာဆရီကို  အာဆင်နယ်တို့လေးလေးနက်နက်ကြိုးစားနေတယ်လို့  စပိန်သတင်းစာ La Razon  ကဖော်ပြပါတယ်။ အဆိုပါတိုက်စစ်မှုးဟာ ဝက်စ်ဟမ်းအသင်းရဲ့ပစ်မှတ်လည်းဖြစ်ပြီး ပေါင် ၃၆   သန်းဝန်းကျင်တန်ကြေးရှိနေပါတယ်။ လာကာဇက်နေရာကိုရည်ရွယ်ထားတဲ့တိုက်စစ်မှုပေါင်းများစွာထဲကမှ ဒီတိုက်စစ်မှုးဟာ ခုတလောနာမည်ပိုထွက်လာပါတယ်။

နောက်ဆုံး လေးပွဲမှာ ဆယ်မှတ် ရရှိထားပေမယ့် ဖြေရှင်းရမယ့် ကိစ္စရပ်တွေရှိနေသေးကြောင်း နည်းပြအာတီတာက ဝန်ခံပြောကြားလိုက်ပါတယ်။  “ လူစာရင်းက အခြေအနေကောင်းနေပါတယ်။ ရာသီမစခင်တုန်းကလည်း လိုအပ်တဲ့အပြောင်းအရွှေ့တွေအတွက်ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ လတ်တလော အားလုံးပျော်ရွင်နေကြပြီး ၊ အပေါင်းလက္ခဏာလည်းဆောင်နေပါတယ် ၊ စိန်ခေါ်မှုတွေကတော့ တစ်ယောက်ချင်းစီမှာလည်းရှိနေပေမယ့် အားလုံးတူညီတဲ့ရည်မှန်းချက်တွေနဲ့ ကျော်ဖြတ်ရမှာပါ။ တစ်ခါတစ်လေမှာ ဦးဆောင်နေရမှာဖြစ်သလို တစ်ခါတစ်လေမှာပံ့ပိုးသူအဖြစ်ရှိနေရပါလိမ့်မယ် “  လို့ဆိုပါတယ်။

နည်းပြတစ်ယောက်ဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရပေမယ့် ဝီးရှိုင်းယားက ကစားသမားဘဝကိုအဆုံးမသတ်လိုသေးပဲ ၊ တစ်ချိန်ချိန်မှသာ နည်းပြဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလော အာဆင်နယ်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ဂျက်ဟာ အာဆင်နယ်လူငယ်အသင်းကိုလည်း ကူညီမှုတွေပေးနေပါတယ်။

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ သူတို့ရဲ့ပစ်မှတ်ကွင်းလယ်လူ အယ်နီနီအတွက် ဇန်နဝါရီမှာကမ်းလှမ်းမှုတွေဆက်လုပ်လာဖွယ်ရှိတယ်လို့  Football London  ကဖော်ပြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: