- 101 Sport ရဲ့ခန့်မှန်းချက်အရ စာချုပ်ကုန်ဆုံးတော့မယ် တိုက်စစ်မှုးလာကာဇက် ၊ ပွဲထွက်ခွင့်နဲနေတဲ့ လူငယ်တိုက်စစ်မှုး မာတင်နယ်လီ နဲ့ ကာလရှည်စိတ်ဝင်စားခဲ့တဲ့ ခံစစ်မှုး ဟိုဒင်းတို့ကို နယူးကာဆယ်အသင်းဖက်က ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

- အသင်းကိုဦးဆောင်ကစားပေးနိုင်နေပေမယ့် ဂိုးကန်သွင်းခွင့်တွေမှာလွဲချော်နေတဲ့ ကွင်းလယ်လူပါတေးကို ဇင်ဘာဘွေနဲ့ပွဲမှာသွင်းယူခဲ့တဲ့ဂိုးကြောင့် ပိုမိုယုံကြည်မှုရှိလာပြီး ပုံစံကောင်းကိုပြသပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
- လက်ရှိဘက်တစ်မှာပျော်ရွှင်နေကြောင်း ၊ ဘောလုံးမှာ ငွေထက်အရေးကြီးတာတွေရှိကြောင်းပြောဆိုလိုက်ပြီးနောက် အငှားစာချုပ်ကုန်ရင်လဲ ဘယ်လာရင်အနေနဲ့ အာဆင်နယ်အသင်းဆီပြန်လာဖွယ်မရှိတော့ဘူးလို့ Daily Mail ကသုံးသပ်ထားပါတယ်။
- အထူးခြေစွမ်းပြသနေတဲ့ လူငယ်လေး အိုမာရီ ဟတ်ချီဆန်ကြောင့် အီဒူးအနေနဲ့ အပြောင်းအရွှေ့မှာ ငွေချွေတာနိုင်ဖွယ်ရှိတယ်လို့ Football London ကဖော်ပြပါတယ်။ ဟတ်ချီဆန်ဟာ အသက် ၁၇ နှစ်သာရှိသေးပြီး လူငယ်ပြိုင်ပွဲတွေမှာ တောက်လျှောက်ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ( Video လေးပါထည့်လိုက်ပါတယ်ခင်ဗျ)
- အလျှင်အမြန်တိုးတက်လာနေတဲ့ စမစ်ရိုးရဲ့ခြေစွမ်းတွေကြောင်း ကာလရှည်အနားယူရမယ့် ရှာခါနေရာမှာ ပါတေးနဲ့အတူတွဲကစားဖို့ အကြံပြုမှုတွေရှိနေပါတယ်။

Leave a Reply