နောက်ဆုံးရ အာဆင်နယ် သတင်းများ (11Oct-2pm)

အာတီတာရဲ့ အပြောင်းအရွှေ့တွေဟာ ကောင်းမွန်မှန်ကန်ခဲ့ပြီး  ၊ အဲ့ဒီအထဲကမှ ရမ်းစ်ဒေးလ်နဲ့  တိုမီယာဆုတို့ကတော့ ရတနာတွေဖြစ်ကြောင်း   ဆောင်းပါးရှင် Trent Nelson  က 90Min မှာ  ဖော်ပြတဲ့သူ့ရဲ့ဆောင်းပါးမှာ  ချီးကျုးရေးသားထားပါတယ်။

လက်ရှိဂိုးသမား ဆက်ဇနီ နေရာမှာအစားထိုးဖို့အတွက် လီနို ကို ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတယ်လို့ Fichajes က ဖော်ပြပါတယ်။

အာတီတာစိတ်ဝင်စားနေတဲ့ ဆွီဒင်တိုက်စစ်မှုး အီဆက်ခ် ဟာ နိုင်ငံအသင်းနဲ့ပွဲမှာ  ဇလာတန်စတိုင် ဂိုးသွင်းယူပြပြီး အာဆင်နယ်ကို သူ့ကိုခေါ်ယူ‌ရေး ပိုမိုအားစိုက်ဖို့အချက်ပေးလိုက်ပါတယ်။

အသင်းရဲ့ဂန္တဝင်ကြီး ကီဗင်ကင်းဘဲလ်က လူငယ်တိုက်စစ်မှုးမာတင်နယ်လီအနေနဲ့  နည်းပြအာတီတာရဲ့လက်အောက်မှာ အခွင့်အရေးအရယူသွားဖို့ တိုက်တွန်းလိုက်ပါတယ်။ လာကာဇာလဲမရှိတော့တဲ့အချိန်မှာ  တိုးတက်လာဆဲ တိုက်စစ်မှုးလေးကိုအခွင့်အရေးယူဖို့ နဲ့  အသင်းအနေနဲ့လည်း ဝက်စ်ကင်နဲ့ လီဝင်တို့ကိုခေါ်ယူရင် မှားမှာဖြစ်ကြောင်း  Football Insider ကိုပြောခဲ့ပါတယ်။

Hale End အကယ်ဒမီမှာကစားသမားဘဝဖြတ်သန်းခဲ့ဖူးတဲ့ ဖာဘရစ် မူအမ်ဘာက Happy Hour Youtube Podcast  အစီအစဥ်မှာ သူတို့တုန်းကထက်စာရင်    Hale End အကယ်ဒမီမှာ အပြောင်းအလဲတွေအများကြီးဖြစ်ခဲ့ပြီလို့ ဆိုပါတယ်။  သူတို့သင်ယူနေချိန်တုန်းကဆိုရင် အကယ်ဒမီအသင်းနဲ့ ပထမအသင်းကြီးနဲ့ကသပ်သပ်စီဖြစ်ပြီးဖြတ်လျှောက်လို့တောင်မရခဲ့ဘူးလို့ဆိုပါတယ်။

Photo – Happy Hour Youtube Podcast

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: