နောက်ဆုံးရ အာဆင်နယ်သတင်းများ (10Oct – 10am)

အင်ဒိုရာကို ၅ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဆာကာ ဟာ  လက်ရွေးစင်အသင်းအတွက် ဒုတိယအသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာပြီး ၊ နှစ်ပွဲဆက်သွင်းယူနိုင်တဲ့ ပထမဆုံးလူငယ်ကစားသမားဖြစ်လာပါတယ်။ ဆာကာဟာ ၂၀ နှစ် ၃၄ ရက်နဲ့ ဒုတိယလိုက်ခဲ့တာဖြစ်ပြီး ၊ အသက်အငယ်ဆုံးကတော့ ဝိန်းရွန်နီ ( ၁၈ နှစ် နဲ့  ၂၄၁  ရက် ) ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ  ဗန်ဒိုက် လက်သစ်လို့နာမည်ရနေတဲ့ ဟန်ဂေရီ နောက်ခံလူ အဒမ်ဇလိုင်း ကို ရီးရဲ ၊ ဘိုင်ယန် ၊ အက်သလက်တီကို ၊ လဗာပူးတို့နဲ့ အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ပရိတ်သတ်တွေဟာ  နိုင်ငံအသင်းနဲ့ခြေစွမ်းပြသွားခဲ့တဲ့ ဆွီဒင်နဲ့  ဆိုစိဒက်  တိုက်စစ်မှုး အလက်ဇန်းဒါး အိုင်ဆက်  ကို ခေါ်ယူဖို့တိုက်တွန်းနေကြတယ်လို့ဆိုပါတယ်။ အိုင်ဆက် ဟာ အရပ် ၆ပေနဲ့ ၄လက်မမြင့်မားပြီး အီဗရာဟီမိုဗစ်လက်သစ်လို့လည်း ပရိတ်သတ်တွေက ခေါ်ကြပါတယ်။

အီဒူးဟာ ဗီလာရီးရဲ ရဲ့ ပင်တိုကို  ပိုမိုလေးနက်စွာချိတ်ဆက်လာနေပြီး ၊ မိတ်လန်းနိုင်းစ်နဲ့ အယ်နီနီတို့လဲ ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။ နိုင်းလ်စ် ကိုတော့  အဲဗာတန်အသင်းက စိတ်ဝင်စားနေပါတယ်။

စမစ်ရို ၊ ဂျွန်ဂျူံးစ် နဲ့ ဘာလိုဂန် တို့ဟာလည်း England U 21 မှာ ခြေစွမ်းတွေပြသနိုင်ခဲ့ကြပါတယ်။ နောက်ခံလူတာဗာရက်စ်ကလဲ Portugal U 21 နဲ့အတူ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေနဲ့ အစွမ်းပြခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: