ရိုနယ်ဒိုသာ အာဆင်နယ်ပြောင်းဖြစ်ခဲ့တယ် ဆိုကြပါစို့ ..

သိပြီးသူတွေရှိကြပေမယ့် သမိုင်းကိုနဲနဲလေးပြန်ကောက်ပါရစေ။ ၂၀၀၃ ခုနှစ်မှာ မန်ယူအသင်းကိုမပြောင်းခင် ရိုနယ်ဒို ဟာ အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါးနဲ့အတူ လေ့ကျင့်ရေးကွင်းထဲထိရောက်ရှိပြီး သဘောတူထားကြတာတွေရှိပါတယ်။ ဒါပေမယ့် Pre Season ခြေစမ်းပွဲမှာတွေ့ရတဲ့ခြေစွမ်းကြောင့် ဆာအဲလက်စ်ရဲ့ခပ်သွက်သွက်ဆုံးဖြတ်ချက်နဲ့ခေါ်ယူသွားနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ထာဝရအကောင်းဆုံး GOAT တစ်ပါးရဲ့ခရီးစဥ်စတော့တာပါပဲ။

ဒီတော့ဒီဆောင်းပါးမှာ ရိုနယ်ဒိုသာ မန်ယူမ‌ရောက်ပဲ အာဆင်နယ်ရောက်သွားခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ ၊ ဘောလုံးလောကရဲ့သမိုင်းကိုဘယ်လောက်ထိရိုက်ခတ်သွားနိုင်မလဲဆိုတာကိုတွေးကြည့်ကြပါစို့။

• အွန်နရီ နဲ့ ရိုနယ်ဒို အတွဲကိုမြင်ရပါလိမ့်မယ်။ ဆက်စပ်မှုအဖြစ် ၂၀၀၃ မှာရောက်လာတဲ့ စပိန်ကစားသမား ရီယက်စ် (ယခုကွယ်လွန်) ရောက်လာဖို့မရှိပဲ ရိုနယ်ဒိုကသာ အာဆင်နယ်အသင်းမှာ ထွန်းတောက်လာဖို့ရှိပါတယ်။

• မန်ယူအသင်းအနေနဲ့ ရိုနယ်ဒိုအစား ရီကာဒိုကွာရက်စ်မာ (သို့) နယူးကာဆယ်အသင်းက ကီယွန်ဒိုင်ယာကို ခေါ်ဖြစ်ဖို့များပါလိမ့်မယ်။ ထိုနှစ်က အဲ့ကစားသမားနှစ်ယောက်ကို ခေါ်ဖို့ရေပန်းစားခဲ့တာပါ။ ဒိုင်ယာပိုဖြစ်ဖို့များပါတယ်။

• များသောအားဖြင့် အာဆင်နယ်ကစားသမားတွေဟာ ဘာစီလိုနာကိုပြောင်းရွှေ့လေ့ရှိတာမို့ မက်ဆီနဲ့ ရိုနယ်ဒိုကို တစ်တွဲထဲမြင်ရဖို့ရှိပါတယ်။ ဒါဆိုရင် El Classico ပြိုင်ပွဲတွေရဲ့ယှဥ်ပြိုင်မှုအထိ သက်ရောက်သွားမှာဖြစ်ပြီး ရိုနယ်ဒို Vs မက်ဆီ ပြိုင်ဆိုင်မှုဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ လုံးဝဖြစ်မလာခဲ့တာမျိုးပေါ့။ ဘောလုံးသမိုင်းတစ်ခုပါ ပြောင်းလဲသွားမယ့်သဘောပါ။

• ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွန်နီနဲ့ဖြစ်ခဲ့တဲ့ပြသနာကိုသတိရကြမှာပါ။ ရိုနယ်ဒိုသာ အာဆင်နယ်ကစားသမားတစ်ယောက်ဖြစ်နေရင် ပရီးမီးယားလိဂ် ကနေပြောင်းရွေ့ သွားကောင်းပြောင်းသွားနိုင်ပါတယ်။ ထိုစဥ်အချိန်တုန်းက ရိုနယ်ဒိုရဲ့ ခြေစွမ်းဟာအကောင်းဆုံး ဖြစ်မနေသေးတာကြောင့် ခြေစွမ်းမတည်ငြိမ်သေးခင်အသင်းပြောင်းရတာမျိုးဖြစ်သွားပြီး အောင်မြင်မှုမှာတောင်အကန့်အသတ်ရှိသွားနိုင်ပါသေးတယ်။

• မန်ယူကနေ နစ္စတဲလ်ရွိင်းပြောင်းရွေ့ဖြစ်ချင်မှပြောင်းရွှေ့ဖြစ်မှာဖြစ်ပါတယ်။ နစ္စတဲလ်ရွိုင်းရဲ့အပြောင်းအရွှေ့က ရိုနယ်ဒိုနဲ့လဲ အတိုင်းအတာတစ်ခုထိပတ်သတ်ခဲ့တာ သိကြမှာပါ။

• ရွန်နီဟာ ခုထက်ပိုပြီးအောင်မြင်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဖာဂူဆန်ဟာ ရိုနယ်ဒိုကစားရတာအဆင်ပြေအောင် ရွန်နီကို မကြာခနနေရာပြောင်းကစားစေလို့ပါပဲ။ ရွန်နီဟာ ပိုမိုဦးဆောင်သူဖြစ်လာပြီး ပိုမိုထင်ပေါ်လာမယ်လို့ယူဆပါတယ်။

• ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ခရီးစဥ်မှာ မန်ယူအသင်းရဲ့ ကံကြမ္မာကလည်းတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုရင် တီဗက် ရွန်နီ ရိုနယ်ဒို အတွဲက မန်ယူအသင်းကို ဖလားဆီပို့ဆောင်ပေးတဲ့တိုက်စစ်ဖြစ်ခဲ့လို့ပါပဲ။

• အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားရသွားကောင်းရသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာနဲ့ဖိုင်နယ်ပွဲမှာ တစ်ယောက်အထုတ်ခံရပြီးနောက်မှာ အွန်နရီနဲ့ ရိုနယ်ဒိုတို့ရဲ့ တန်ပြန်ကစားမှုကြောင့် ရလဒ်ပြောင်းသွားနိုင်ပါတယ်။ ဒါဆိုရင် Meme Group တွေထဲမှာ အာဆင်နယ်အသင်းကို စနေကြတာတွေအထိသက်ရောက်သွားနိုင်တာပါ။ ဘောလုံးသမိုင်းပါအသစ်ဖြစ်သွားမှာပါ။

ဒါကတော့ ကျွန်တော်တို့အဖွဲ့တွေးမိတာတွေပါပဲ။ နောက်အပတ်တွေမှာလည်း ဒီလိုမျိုးတွေ တင်ဆက်ပေးသွားဖို့ရှိပါတယ်။ ကြားရက်တွေမှာတော့ သတင်းအနှစ်ချုပ်လေးတွေကို အဆင်ပြေသလိုတင်ပေးနေမှာပါ။ ကျေးဇူးတင်ပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: