ရေပန်းမစားသော ဆန္ဒများ

ဘောလုံးလောကထဲမှာ လိုသုံးနည်းပြကြီးတွေရှိတယ်။ စတိဗ်ဘရုစ်စ်တို့  ရွိင်း‌ဟော့ဆန်တို့ ၊ ရာနီယေးနီတို့ ၊  Big Sam လို့ခေါ်တဲ့  အလာဒိုက်စ်တို့ပေါ့။ အသင်းတွေရုန်းကန်ရရင်သူတို့ကိုခေါ်ကြတယ်။ သူတို့ကလဲ ခေတ်မမှီကြတော့ပေမယ့် အတိုင်းအတာတစ်ခုထိစွမ်းဆောင်ပေးနိုင်ဆဲဆိုတော့ တန်းဆင်းဇုန်က ကယ်တင် ပေးတာတို့ ၊ ညှစ်အားလေးနဲ့တန်းတက်အောင်လုပ်ပေးတာတို့မှာ စွမ်းကြတယ်။ ဒါပေမယ့် များသောအားဖြင့် အချိန်တစ်ခုပြီးရင် စွန့်ခွာကြရတာပါပဲ။ အထူးသဖြင့် ခုနောက်ပိုင်းနှစ်တွေမှာပေါ့။

ဒီရက်ပိုင်း နယူးကာဆယ်ရဲ့သတင်းက ထိပ်တိန်းပဲ။ အမ်ဘာပေလာမယ် ၊ နေမာတို့လာမယ်၊ လာမယ့်နှစ်အသင်း  ကဘယ်လို ဘယ်ပုံဆိုပြီး   ဟာသတွေတက်ကြတယ်။ အဲ့ဒီမှာ သွားပြီးသတိရတာ စတိဘရုစ်  .. နောက်ပြီး သူပြော စကားက ပေါ်ပြူလာမဖြစ်လှ ..

အသင်းပိုင်ရှင်သစ်တွေက မန်နေဂျာသစ်တွေနဲ့ပဲ အလုပ်လုပ်ချင်ကြတာနားလည်ပါတယ်။  အခွင့်အရေးရရင်တော့  ကျွန်တော်စွမ်းသမျှလုပ်သွားချင်တယ် “  တဲ့။

ပျော်ရွင်နေတဲ့လူအုပ်ကြီးကြားမှာ ဒီနည်းပြအိုကြီးကို ဘယ်သူကမှ လာပြီးစာနာမနေကြပါဘူး။ သူဟာနေဝင် မီးပိတ်ဖို့အတွက် နေ့စဥ်အလုပ်လေးတွေကိုလုပ်နေရသလိုပါပဲ။ ကစားသမားအချို့ကတော့ အသင်းရဲ့ အပြောင်း အလဲမှာ ဆက်ပါဖို့ကြိုးစားနေကြတယ်။ မက်ဆီမန် လိုကစားသမားကျတော့ ကြယ်ပွင့်တွေနဲ့တွဲပြီး ပိုမိုတောက်ပဖို့ကိုမျှော်လင့်နိုင်တယ်။

အလာဒိုက်စ်အတွက်ကတော့ မော်ရင်ဟိုကိုခေါ်မှာလား ၊ ကွန်တီလာမှာလားဆိုတဲ့ Hot News တွေကြားမှာ နေ့စဥ်လုပ်ငန်းဆောင်တာတွေကိုလုပ်နေရပါလိမ့်မယ်။ ကစားသမားတွေကလည်း သူ့တို့ရဲ့နည်းပြသစ်က ဘယ်သူဖြစ်မလဲတွေးနေကြမလားပဲ။ ဒါပေမယ့် ဒါကခေတ်သစ်ဘောလုံးစီးပွားရေးရဲ့ သရုပ်သကန်ပါပဲ။

ဘာတွေဆက်ဖြစ်လာမလဲကတော့ စောင့်ကြည့်ရမှာပါပဲ။ ဒါပေမယ့် ဖြစ်ရိုးဖြစ်စဥ်များအရ စတိဗ်ဘရုစ်တစ်ယောက်ကတော့ အရမ်းကြာကြာကြီးအသင်းမှာဆက်ရှိနေမယ်လို့တော့မမြင်မိတော့ပါဘူး။ ပိုင်ရှင်သစ်တွေဟာ အကောင်းဆုံးတွေကိုငွေပုံပေးပြီးတစ်ခုခုလုပ်ပြဖို့အားသန်နေချိန်မှာ ခေတ်တစ်ခု နောက်ကျ နေတဲ့ နည်းပြကြီးတွေဟာ သူတို့ရဲ့ရွေးချယ်မှုမဖြစ်နိုင်တော့ပါဘူး။

ခုချိန်မှာ စတိဗ် ရဲ့စကားထက်   ကျွန်တော်ကရဲတိုက်အသစ်လိုချင်တာ ( a new castle   ) ဘောလုံးအသင်း တစ်သင်းဝယ်ချလာတယ်ဆိုတဲ့ပြောစကားနဲ့ သတင်းတွေ ၊   ဘယ်လိုကစားသမားသစ်တွေနဲ့ ခေတ်တစ်ခုထောင်မယ်ဆိုတဲ့ သတင်းတွေက သာရေပန်းစားနေပါတယ်။ ဒါကအရှိတရားပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: