နွေးထွေးသောလက်ဆင့်ကမ်းခြင်း

ပြီးခဲ့တဲ့ရက်တွေတုန်းက အာဆင်နယ်ပရိတ်သတ်တွေရဲ့အချစ်တော် ဂျက်ဝီရှိုင်းယား တစ်ယောက်အသင်းနဲ့ အတူပြန်လာပြီးလေ့ကျင့်ရေးဆင်းတဲ့သတင်းတွေကိုဖတ်ကြရပါတယ်။ တကယ်တော့ ဘေဘီဂျက် ဟာ အာဆင်နယ်အတွက်ရော ၊ ဘောလုံးကမ္ဘာအတွက်ပါဆုံးရှုံးမှုဆိုတာကိုအားလုံးက နှမျောစွာနဲ့ပဲလက်ခံထား ကြတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ခြေစွမ်းတွေနဲ့အတူ ပွဲထွက်နိုင်ခဲ့ပေမယ့် အကြိမ်ကြိမ်အခါခါဒဏ်ရာတွေ ရရှိခဲ့တဲ့နောက်မှာတော့ သူ့ရဲ့မူလအဆင့်အတန်းနဲ့ဝေးကွာစွာပဲရပ်တည်နေရတာပါ။ အခုလို အသင်းနည်းပြ နဲ့စီစဥ်သူတွေကြောင့် အသင်းဆီပြန်ရောက်လာတဲ့အခါ ပရိတ်သတ်တွေဟာ ဘေဘီဂျက် တစ်ယောက် အာဆင်နယ်ဆီပြန်ရောက်လာလေမလားစိတ်ကူးယဥ်ကြပါတယ်။ ဒါကတော့ ဂျက်ကိုမြင်ချင်တဲ့ပရိတ်သတ် တွေရဲ့စိတ်ပေါ့လေ။ ဒါပေမယ့် လက်တွေ့ဖြစ်ရပ်တစ်ခုက တကယ်ရှိနေပါတယ်။

ချာလီပါတီနိုဆိုတဲ့လူငယ်လေးကို ဒီလတွေထဲမှာအသင်းပရိတ်သတ်တွေတအားမျှော်လင့်နေကြပါတယ်။ ကောင်လေးကလည်းလူငယ်အသင်းနဲ့အတူခြေစွမ်းတွေပြနေတာကိုး။ 7 Oct နေ့မှာ Football London  ရဲ့ ဆောင်းပါးရှင်   Bailey Keogh  က နည်းပြအာတီတာဟာ ပါတီနိုကိုပိုမိုတိုးတက်စေဖို့အကောင်းဆုံး လုပ်ရပ်တစ်ခုလုပ်လိုက်ပြီဖြစ်ကြောင်း ဆောင်းပါးတိုလေးတစ်ခု တက်လာပါတယ်။

သိပ်ကိုကြည်နူးစရာကောင်းပါတယ်။ အထူးသဖြင့် အာဆင်နယ်ပရိသတ်တွေအတွက်ပေါ့။ တစ်ချိန်က သိပ်ချစ်ခဲ့ပေမယ့် ကံဆိုးစွာပဲလက်လွှတ်လိုက်ရတဲ့ကိုယ့်ရဲ့ ကြယ်ပွင့်ဟောင်းလေးက ကိုယ်တွေရဲ့ မျှော်လင့်ချက် အသစ်လေးကို  ပညာနဲ့အတွေ့အကြုံတွေလက်ဆင့်ကမ်းနေနိုင်ဖို့ အတူတူလေ့ကျင့်ရေးဆင်းနေကြပါပြီ။ ပါတီနိုရဲ့ ကစားပုံကိုလည်း ဂျက်နဲ့ ခိုင်းနှိုင်းနေကြတာကြောင့် အာတီတာဟာ   ပါတီနိုအတွက် အကောင်းဆုံး လမ်းပြ ပေးသူ  ( Mentor  ) ကို အရောက်ပို့ပေးခဲ့တာပါပဲ။

သူတို့နှစ်ယောက်စလုံးဟာ  Hale End အကယ်ဒမီထွက်တွေဖြစ်ကြပါတယ်။ နောက်ပြီးစီနီယာအသင်းတွေ ဆီရောက် ခဲ့ကြတာပေါ့၊။ အခုတော့ပါတီနိုဟာ အသင်းကြီးနဲ့အတူလေ့ကျင့်ရေးဆင်းနေတာပါ။ ပါတီနိုကို  EFL Cup မှာတုန်းက ဝင်ကစားဖို့ပရိတ်သတ်တွေအရမ်းမျှော်လင့်ခဲ့ကြပေမယ့် နည်းပြကတော့  အသင်းကြီးရဲ့ ကြံခိုင်မှုကိုတည်ဆောက်ဖို့လိုအပ်နေတာကြောင့်မသုံးဖြစ်ခဲ့ပါဘူး။ ရက်အနဲငယ်အကြာမှာ မြို့ခံပြိုင်ဖက် နဲ့ရင်ဆိုင်ဖို့ရှိနေတာကြောင့်ပေါ့။

ပါတီနိုဟာ မျှော်လင့်ချက်အသစ်ဖြစ်ပါတယ်။ ဆာကာ နဲ့ စမစ်ရို တို့တောက်ပလာပြီးတဲ့နောက်  Hale End သားလေးတွေဟာ ခြေရာနင်းကြဖို့ တာစူနေကြပါပြီ။ အဲ့ဒီထဲမှာ ပါတီနိုတစ်ယောက်လဲအပါအဝင်ပါပဲ။ အချို့ကအသင်းကြီးနဲ့အတူလေ့ကျင့်ရေးဆင်းနေကြပါတယ်။ ပိုမိုသင်ယူနိုင်ဖို့အခွင့်အရေးတွေရနိုင်ဖို့ပေါ့။ ၂၀၁၈ မှာအသင်းကထွက်ခွာသွားခဲ့တဲ့ ဂျက်ကလည်းအခု အသင်းနဲအတူ ကြံ့ခိုင်မှုတည်ဆောက်ရင်း လေ့ကျင့်ရေးဆင်းနေပါတယ်။ လူငယ်လေးတွေအနေနဲ့သင်ယူစရာရှိတာသင်ယူကြဖို့အခွင့်ကောင်းပါပဲ။ ဘောလုံးကိုနိုင်နင်းစွာထိမ်းသိမ်းရင်း အခွင့်အရေးကောင်းတွေဖန်တီးပေးနေနိုင်ပြီဖြစ်တဲ့ အသက် ၁၇ နှစ်သား လေးပါတီနိုအတွက်တော့ သူနဲ့ပုံစံတူတစ်ယောက်နဲ့အတူ ပျော်ရွင်နေမယ်ထင်ပါတယ်။

တချိန်တုန်းက ကမ္ဘာ့အကောင်းဆုံးတွေဖြစ်တဲ့ ဇာဗီနဲ့အင်နစ္စတာတို့ရဲ့ လေးစားမှုကိုရခဲ့တဲ့ စီနီယာက အခုသူအနားမှာဘာအကြံတွေများပေးနေမလဲ။  ကစားတဲ့နေရာ ၊ ကစားဟန်တူကြတဲ့ ခေတ်နှစ်ခေတ်ရဲ့ ကြယ်လေးတွေဟာ ဘာတွေများဆွေးနွေးနေကြမလဲ။ ဂျက်တစ်ယောက်အသင်းဆီပြန်ရောက်လာဖို့က ခက်ပါလိမ့်မယ်။ ဒါပေမယ့်သူဟာ သေချာပေါက် လိုအပ်တာတွေကိုလုပ်ပေးရင်းလက်ဆင့်ကမ်းပေး ပါလိမ့်မယ်။

ကြယ်အဟောင်းလေးကိုလွမ်းရင်း ၊ ကြယ်သစ်လေးဆီမျှော်ကြရအောင်ပါ။ ဂျက်ကိုလဲ သိပ်ပြီး ကျေးဇူး တင်ရပါတယ်။ သူ့နှလုံးသားဟာ ထာဝရ အာဆင်နယ်အသင်းမှာဆိုတာကို သူ့အပြုံးတွေက သက်သေပြ နေတာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: