နောက်ဆုံးရ အာဆင်နယ်သတင်းများ (8Oct – 10am)

တောက်လျှောက်အစွမ်းပြနေတဲ့ တိုမီယဆု

အာဆင်နယ်အသင်းရဲ့တစ်လတာအကောင်းဆုံးဆုရထားတဲ့ တိုမီယဆု ဟာ နိုင်ငံလက်ရွေးစင်အသင်းနဲ့လည်း ဆက်လက်အစွမ်းပြနေပြီး ၊ သူ့ရဲ့နေရာစုံမှာကျွမ်းကျင်စွာကစားနိုင်မှုကိုပါပြသထားနိုင်ပါတယ်။ ကလပ်အသင်းမှာညာစွန်နောက်ခံလူအဖြစ်ကစားနေပေမယ့် လက်ရွေးစင်အသင်းမှာတော့ ဗဟိုခံစစ်သမားအဖြစ်အစွမ်းပြနေတာပါ။ နည်းပြအာတီတာအတွက် တိုမီ အပေါ်အသုံးပြုနိုင်တဲ့နေရာများစွာရှိနေကြေင်းဖော်ပြကြပါတယ်။

ဝီရှိုင်းယားလိုအပ်တာတွေကို ကူညီမယ့် အာဆင်နယ်အသင်း

ဂျက်ဝီရှိုင်းယားကို အသင်းမှာပြန်ခေါ်ဖို့မရှိပေမယ့်   ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ဖို့အတွက်ကိုတော့ ဝမ်းမြောက်ဝမ်းသာကူညီသွားမှာဖြစ်ကြောင်း နည်းပြ အာတီတာကပြောကြားပါတယ်။ ဂျက်ရဲ့လိုအပ်ချက်တွေကိုလက်တွဲကူညီမှာဖြစ်ပြီး ဂျက်ကိုယ်တိုင်ကလဲ သူဘာတွေတိုးတက်ဖို့လိုတယ်ဆိုတာ ကောင်းကောင်းနားလည်ထားကြောင်းဆိုပါတယ်။

အာဆင်နယ်က ပင်နိုကိုပစ်မှတ်ထားနေတယ်လို့ဖော်ပြ

အာဆင်နယ်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ဟာ ဗီလာရီးရဲတောင်ပံလူ ယာရီမီပင်နို ကိုခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ပင်နိုဟာ အသက် ၁၈ နှစ်သာရှိသေးပြီး မနှစ်ကရာသီမှာ ဗီလာရီးရဲအတွက် ၃ ဂိုးသွင်း ၁ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ပရိသတ်တွေအတွက် ပင်နိုရဲ့ Skill Video ပါထည့်ပေးလိုက်ပါတယ်။

လီဗာပူးကလည်းအဆန်ဆီယိုကိုစိတ်ဝင်စား

အာဆင်နယ်အသင်းမှ အလေးအနက်ကမ်းလှမ်းခဲ့ဖူးပြီး ၊ ထပ်မံကမ်းလှမ်းဖို့လဲချိတ်ဆက်နေတဲ့ ရီးရဲတောင်ပံလူ အဆန်ဆီယိုကို ပရီးမီးယားလိဂ် ပြိုင်ဖက် လီဗာပူးကလည်း စိတ်ဝင်စားလာတယ် လို့   စပိန်သတင်းစာ ABC က Mirror ကို ကိုးကားပြီးဖော်ပြပါတယ်။ အဆန်ဆီယိုဟာ လတ်တလောမှာ ခြေစွမ်းပြနေပြီး နောက်ဆုံးကစားထားတဲ့လာလီဂါပွဲမှာလည်း ဟက်ထရစ်သွင်းယူထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: