Evening Corner (ညနေခင်းဘောလုံးသတင်းများ 7 Oct)

(1) တိုရီနိုအသင်းရဲ့ ဗဟိုနောက်ခံလူ ဂလီဆင်ဘရီမာ ကို လီဗာပူး ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကအပြိုင်စိတ်ဝင်စားနေကြတယ်လို့  Calciomercato  ကဖော်ပြပါတယ်။ အသက် ၂၄ နှစ်အရွယ်နောက်ခံလူကို အသင်းဖက်ကစာချုပ်သစ်ကမ်းလှမ်းမှာဖြစ်ပေမယ့် အသင်းကြီးတွေအနေနဲ့ဝင်ရောက်ကမ်းလှမ်းပါကအခြေအနေပြောင်းနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

(2) ဆော်ဒီလုပ်ငန်းရှင်တွေရဲ့ပါဝင်ပတ်သတ်မှုအတည်ဖြစ်သွားတဲ့နောက်မှာ လက်ရှိနည်းပြ ဘရုစ်အနေနဲ့ ထွက်ခွာရဖွယ်ရှိတယ်လို့  The Mirror ကဖော်ပြပါတယ်။

(3) လိုက်ပ်ဇစ် ရဲ့ကစားသမား အန်ကူကူ ကို မန်စီးတီး ၊ ချယ်လ်ဆီးနဲ့ အတူ ရီးရဲမက်ဒရစ်အသင်းကလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမားကိုယ်တိုင်ကလည်းအသင်းကြီးတွေဆီပြောင်းရွှေ့နေလိုတယ်လို့ ဆိုပါတယ်။

(4) ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့နောက်ခံလူဆူလီကို ဘိုင်ယန်အသင်းကလည်းစိတ်ဝင်စားနေပြီး ကစားသမားအနေနဲ့လည်းရာသီကုန်မှာပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့  90 Mins ကဖော်ပြပါတယ်။ ရာသီကုန်မှာထွက်ခွာမယ့် ရူဒီဂါနေရာမှာအစားထိုးဖို့ ချဲလ်ဆီးအသင်းဟာ အသက်၂၆နှစ်အရွယ်ကွင်းလယ်ကစားသမားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: