အသင်းအတွက်အကျိုးအမြတ်မရနိုင်သေးတဲ့ ရှယ်ယာရောင်းချရငွေများ

ဂလေဇာမိသားစုတွေဟာ အမေရိကန်ဒေါ်လာ ၁၈၆.၈၆ သန်းဖိုးရှိတဲ့ ယူနိုက်တက်အသင်းရဲ့ရှယ်ယာတွေကို  New York Exchange မှာ ရောင်းချဖို့ရာအတွက် စီစဥ်လိုက်ပါတယ်။ ဒါပေမယ့် ဒီ‌ရောင်းချရမှုကနေ အသင်းကတော့ အကျိုးအမြတ်ခံစားခွင့်ရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။  ကျန်ခဲ့တဲ့ မတ်လ တုန်းကလည်း ပေါင်သန်း ၇၀ ဖိုးရောင်းချခဲ့ပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ တပြားတစ်ချပ်မှရရှိခဲ့ခြင်းမရှိပါဘူး။ အသင်းရှယ်ယာတွေကို ပုဂ္ဂလိက ပိုင်ဆိုင်မှုအောက်ကနေ လွှဲပြောင်းရောင်းချခြင်းဖြစ်တာမို့ ၄င်းတို့ရဲ့ပိုင်ဆိုင်မှုများကိုသာ သက်ရောက်မှုရှိတာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ အသင်းကိုလွှဲပြောင်းရယူစဥ်ကတည်းက ဂလေဇာမိသားစုရဲ့ လုပ်ကိုင်ပုံတွေကိုအသင်းပရိတ်သတ်တွေဟာ သည်းခံနေခဲ့ရတာဖြစ်ပြီး ဒီနှစ်ထဲမှာတော့ ပိုမိုပြင်းထန်တဲ့ဆန့်ကျင်မှုတွေကို ပရိတ်သတ်တွေဖက်ကပြုလုပ်လာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကဆိုရင် လီဗာပူးအသင်းနဲ့ကစားမယ့်ပွဲစဥ်ကိုရွှေ့ဆိုးရတဲ့အထိ ဆန္ဒပြမှုတွေဟာ ပြင်းထန်ခဲ့ပါတယ်။

European Super League မှာပါဝင်ဖို့စီစဥ်တဲ့ ဆုံးဖြတ်ချက်အပါအဝင် ပရိတ်သတ်ဆန္ဒနဲ့မညီတဲ့လုပ်ရပ်များစွာကြောင့် ဆန့်ကျင်ခံနေရပြီး ၊ ကစားသမားအပြောင်းအရွှေ့တွေကိုဖော်ဆောင်ရာမှာလည်း အမှားအယွင်းများစွာရှိနေကြောင်း ဝေဖန်ခံနေရပါတယ်။ ဒီနှစ်နွေမှာလည်း နည်းပြဆိုးရှားလ် အတွက် ပေါင်သန်း ၁၃၀ကျော်ကိုမြှပ်နှံပေးထားပါတယ်။

BBC ရဲ့ဖော်ပြချက်အရဆိုရင် ဂလေဇာမိသားစုပိုင်တဲ့ ယူနိုက်တက်အသင်းရဲ့ စုစုပေါင်းရှယ်ယာဟာ ၆၉ ရာနှုံးအထိရှိနေ တယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: