(1) စပါးအသင်းဟာ ချဲလ်ဆီးအသင်းကထွက်ခွာမယ့် နောက်ခံလူရူဒီဂါကို ဥရောပထိပ်သီးအသင်းကြီးတွေနဲ့အပြိုင် ကမ်းလှမ်းသွားမယ်လို့ Daily Mail က ဖော်ပြပါတယ်။ ဂျာမနီလက်ရွေးစင်ရူဒီဂါဟာ ဒီရာသီကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်ပြည့်မှာပါ။

(2) ရီးရဲအသင်းဟာ ဘဏ္ဏာရေးအကျပ်အတည်းတွေကို ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့ပြီးနောက် ဟာလန်းရော ဘာပေရောကို တပြိုင်တည်းခေါ်ယူနိုင်တဲ့အနေအထားမှာရှိနေပြီလို့ စပိန်အားကစားသတင်းထောက် အယ်ဗာရို မွန်တယ်ရို ကဆိုပါတယ်။

(3) အာဆင်နယ်အပါအဝင် ထိပ်တန်းအသင်းပေါင်းများစွာရဲ့ ပစ်မှတ်ဖြစ်တဲ့ ဖီအိုရင်တီးနားတိုက်စစ်မှုး ဗလာဟိုဗစ် ဟာ ဂျူဗင်တပ်စ် အသင်းကိုပြောင်းဖို့က သူ့ရဲ့အိမ်မက်ဖြစ်တယ်လို့ Gazzetta dello Sport ကဖော်ပြပါတယ်။ ဒီတိုက်စစ်မှုးဟာ စီးရီးအေမှာ ဂိုးသွင်းမှတ်တန်းကောင်းတွေရှိထားပြီး ခုရာသီမှာလည်း ၆ ဂိုးသွင်းယူထားနိုင်ပါတယ်။

(4) မော်ရင်ဟိုရဲ့ရိုးမားအသင်းဟာ ဘိုချန်ဂလာဘတ်အသင်းရဲ့ ကစားသမား ဇာကာရီယာ ကိုခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီလို့သိရပြီး အပြောင်းအရွေ့ဟာ ဇန်နဝါရီမှာဖြစ်လာနိုင်တယ်လို့ သတင်းထောက် ဂီယန်လူကာ မာဇီယို ကဖော်ပြပါတယ်။

Leave a Reply