ယူရိုပြိုင်ပွဲအလွန် အခြေအနေမတူကြတဲ့  England Player များ

နိုင်ငံတကာပြိုင်ပွဲမှာ  အဂ်လန်အသင်းဟာ တကယ်ကိုအံ့အားသင့်စရာလုပ်ပြခဲ့တာပါ။ ဒါပေမယ့် ဘောလုံးရာသီသစ်ရဲ့ ၇ ပွဲလောက်ကိုကစားပြီးချိန်မှာတော့ ကစားသမားတွေရဲ့အနေအထားတွေက မတူညီကြတော့ပါဘူး။ ဒါကြောင့် Miracle Sport  ကနေပြီး  ယူရိုတုန်းကခြေစွမ်းပြခဲ့ကြတဲ့ ကစားသမား အချို့ရဲ့ လက်ရှိစွမ်းဆောင်ရည်တွေကို ထုတ်နုတ်ပေးလိုက်ပါတယ်။

  • ယူရိုမှာတုန်းက ဘယ်ခြမ်းမှာ ရှော်ဘတ်တိုကားလို့စ် လို့တောင်နာမည်ပြောင်ရထားတဲ့ လုခ်ရှော ဟာ ယူနိုက်တက်နဲ့ အစကောင်းခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းနဲ့အတူတူရုန်းကန်နေရပါတယ်။ စွမ်းဆောင်ရည်မဆိုးပေးမယ့် ဒဏ်ရာရနေတာနဲ့ ၊ အသင်းလိုက်ပြသနာတွေနဲ့မို့ ခက်ခဲနေချိန်ပါပဲ။
  • သန်း ၁၀၀ တန်ကစားသမား ဂရီးလစ်ရှ်ဟာလည်း မန်စီးတီးနဲ့အတူ တောက်ပနေပါတယ်။  အင်အား ဖြည့်တင်းရုံသက်သက်ခေါ်ယူတယ်လို့ ဝေဖန်မှုအချို့ရှိခဲ့ပေမယ့် အခုပြသနေတဲ့ခြေစွမ်းကတော့ ကမ္ဘာ ထိပ်တန်း နေရာကိုရောက်ဖို့ အသင့်ဖြစ်နေပုံပါပဲ။
  • ဝက်စ်ဟမ်းရဲ့ရိုက်စ်ကလည်း  ဥ‌ရောပအဆင့်မှာပါ လှလှပပဂိုးသွင်းထားပြီး သူရဲ့ အဆင့်အတန်းကို ပြသ ထားနိုင်ဆဲပါ။၂၂ နှစ်သားဟာ ဆက်တိုက်တိုးတက်နေဆဲပါ။
  • ယူရိုတုန်းက ဘောလုံးတောင်မထိလိုက်ရပေမယ့် ခုချိန်မှာ မင်းသာဖြစ်နေတာကတော့ အာရွန်ရမ်းစ်ဒေးပါပဲ။ လက်ရှိ မြောက်လန်ဒန် ဒါဘီမှာ  ပြထားတဲ့ထူးရှယ်လက်စွမ်းအပါအဝင် ၅ ပွဲကစားတာ ၁ ဂိုးပဲပေးထား ရပါသေးတယ်။
  • အနဲငယ်ရုန်းကန်နေရတာကတော့ မေဆင်မောင့်ပါ။ မနှစ်ကမင်းသားတစ်ပါးလို ထွန်းတောက်နိုင်ခဲ့ပေမယ့် ခုရာသီမှာတော့ အရင်အနေအထားကိုလိုနေပါသေးတယ်။ ဆာကာကလည်း ရာသီအစောပိုင်းမှာ နဲနဲခြေစွမ်းယိမ်ယိုင်နေပေမယ့် ဒါဘီပွဲမှာတော့ ပုံမှန်ခြေစွမ်းပြန်ရနေပုံပါပဲ။ ဒါပေမယ့်လည်း ဘရိုက်တန်နဲ့ပွဲမှာတော့ ပြန်လည်ရုန်းကန်နေရဆဲပါ။
  • ဟယ်ရီကိန်းကတော့ အရုန်းကန်ရဆုံးလို့ပြောရမလားပါပဲ။ စာချုပ်ကိစ္စဟာ သူ့ကို အကုန်ယူသွားပုံရပါတယ်။ မကြာခင် ပုံစံကောင်းပြန်ရဖို့ပဲ မျှော်လင့်ရမှာပါပဲ။ တန်ဖိုးရှိတဲ့ကစားသမားတစ်ယောက်ဆုံးရှုံးလို့မရပါဘူး။
  • စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဆန်ချိုလည်း ‌ဒေါ့မွန်တုန်းကပုံစံမရသေးပါဘူး။ တကယ့်ကို ယူနိုက်တက်အသင်းနဲ့အတူ ဖန်တီးမှုရော ၊ ဂိုးရောဘာမှမလုပ်ပြနိုင်သေးတာပါ။
  • ဖိုဒန်  က ရာသီစစချင်းအဆင်ပြေမလိုနဲ့ရုန်းနေရတာတောက်လျှောက်ပါပဲ။ ပြီးခဲ့တဲ့အပတ်ထူးရှယ်ပွဲမှာတော့ အားကြိုးမာန်တက်ကစားပုံနဲ့ ပရိတ်သတ်အာရုံပြန်ရနေပါတယ်။ လိဒ်အသင်းရဲ့ ကီဗင်ဖိလစ်ဟာလဲ ရုန်းကန်နေရဆဲပါ။ ပျောက်နေသလိုတောင်ဖြစ်နေပါတယ်။ ချီးဝဲလ်ကတော့ ခြေစွမ်းမှန်ကိုမြင်နေရပါတယ်။

ကစားသမားအချို့ကျန်သွားတာရှိရင်လည်းဖြည့်စွက်ဆွေးနွေးသွားနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: