ဖီအိုရင်တီးနားတိုက်စစ်မှုးကိုမြို့ခံပြိုင်ဖက်နဲ့အပြိုင်ကမ်းလှမ်းဖို့အသင့်ရှိနေပြီဖြစ်တဲ့ အာဆင်နယ်

Gunner တို့တောက်လျှောက်စိတ်ဝင်စားနေတဲ့ ဖီအိုတိုက်စစ်မှုးအတွက် သူတို့အသင်းဖက်က ထုတ်ပြန်ချက် အရဆိုရင် ဗလာဟိုဗစ်ဟာ စာချုပ်သစ်ချုပ်ဖို့မရှိတော့ပါဘူး။ အသက် ၂၁ နှစ်အရွယ် ဆာဗီးယား တိုက်စစ်မှုးဟာ အသင်းစံချိန်တင်ဖြစ်လာမယ့် စာချုပ်ကိုပါ ငြင်းပယ်လိုက်တာဖြစ်ပါတယ်။ လောလောဆယ်မှာ သူ့အတွက် အက်သလက်တီကို ၊ အာဆင်နယ် နဲ့အတူ မြို့ခံပြိုင်ဖက် စပါးအသင်း တို့က အထူးလှုပ်ရှားနေပါတယ်။

အဂါနေ့က ထုတ်ပြန်တဲ့ တရားဝင်  Statement မှာ ဖိအိုရင်တီးနား ဥက္ကဌ ကွန်မီဆိုက

“ ကျွန်တော် ဒီအသင်းကိုရောက်လာကတည်းက ပရိတ်သတ်တွေကို အမြဲတမ်း ရှေ့ကနေ မားမားမတ်မတ်ရပ်တည်သွားမယ်ဆိုတဲ့အကြောင်းရယ် ၊ မပေးနိုင်တဲ့ ကတိတွေနဲ့ နားဝင်ချိုအောင် မပြောဘူးဆိုတာရယ်ကို  ကတိပေးခဲ့ပါတယ် “  ဆိုပါတယ်။

“ ပြီးခဲ့တဲ့အပတ်တွေမှာ ကစားသမားရော အသင်းအတွက်ရော အဆင်ပြေစေမယ့် အခြေအနေတွေ အတွက်ကျွန်တော် ကြိုးစားခဲ့ပေမယ့် မျှော်လင့်ထားတဲ့ ရလဒ်တွေထွက်မလာခဲ့ဘူးဆိုတာကို စိတ်မကောင်း စွာပဲပြောပါရစေ”

သူရဲ့   Statement မှာ ကစားသမားကို ဘယ်လိုအချက်အလက်ကမှ မဆွဲဆောင်နိုင်တော့တဲ့ အကြောင်းလည်း ထည့်သွင်းပြောထားပါသေးတယ်။

ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားအတွက် မနှစ်ကရာသီမှာ ၂၁ ဂိုးသွင်းပြီး ၊ ဒီနှစ်မှာတော့ ၆ ဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှုးတစ်ယောက်ဖြစ်ပါတယ်။ အရပ်အမောင်းမြင့်မားပြီး နံပါတ် ၉ ကစားသမားလိုအပ်နေတဲ့ အာဆင်နယ်အသင်းအတွက် လာကာဇက်နေရာမှာအစားထိုးဖို့ ဗလာဟိုဗစ်ကို ပြီးခဲ့တဲ့ရာသီကတည်းက ဦးစားပေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းများအရ လီဗာပူးအသင်းဟာလည်း ဗလာဟိုဗစ် လုပွဲမှာ ပါဝင်လာပြီလို့သိရပါတယ်။

တိုက်စစ်ပိုင်းလိုအပ်ချက်ဟာ အာဆင်နယ်အသင်းအတွက် အဓိကအားနည်းချက်သဖွယ်ဖြစ်နေပြီး တိုက်စစ်မှုးသစ်တစ်ယောက်ကို အပူတပြင်းရှာဖွေနေတာဖြစ်ပါတယ်။

Red : Daily Mail

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: