Evening Corner ညနေခင်းဘောလုံးသတင်းများ (5 Oct)

(1) အသင်းကြီးတွေကအလိုရှိနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှုး ဒူဆန်ဗလာဟိုဗစ် အနေနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မှာ မဟုတ်ဘူးလို့ အသင်းဥက္ကဌ ကွန်မီဆို ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်အထိစာချုပ်ရှိနေသေးပေမယ့် သက်တမ်းတိုးမှာမဟုတ်တော့တဲ့အတွက်ကြောင့် ဒီရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါပြီ။ လက်တလောမှာ အက်သလက်တီကိုမက်ဒရစ် ၊ စပါး နဲ့ အာဆင်နယ်အသင်းတို့က ရှေ့ဆုံးကစိတ်ဝင်စားနေကြပါတယ်။

(2) ထိပ်သီးအသင်းကြီးနှစ်သင်း ဖြစ်တဲ့ ရီးရဲနဲ့ဘာကာဖက်ကက စိတ်အားထက်သန်နေပေမယ့်  Super League  နဲ့ပတ်သတ်တဲ့ ဘယ်ဆွေးနွေးမှုကိုမှ လက်ခံမှာမဟုတ်ဘူးလို့ လာလီဂါဥက္ကဌ  ဂျေဗီယားတီဘက်စ် က ပြောဆိုလိုက်ပါတယ်။

(3) AS သတင်းစာရဲ့ဖော်ပြချက်အရ မန်ချက်စတာစီးတီးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ အထူးစိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။ ဒီအပြောင်းအရွေ့မှာ အေးဂျင့်ဖြစ်သူ ရိုင်အိုလာရဲ့ အခန်းကဏ္ဏကလည်း အရေးပါကြောင်း တဆက်တည်းဖော်ပြထားပါ‌သေးတယ်။

(4) လီဗာပူးအသင်းဟာ ပြည်တွင်းဆုဖလားထက် ချန်ပီယံလိဂ်မှာအောင်မြင်နိုင်ချေပိုများကြောင်း အသင်းကစားသမားဟောင်း ဟိုဆေးအင်းနရစ်က ပြောပါတယ်။ လီဗာပူးဟာ EPL မှာ ၇ ပွဲကစား ၊ ၁၅ မှတ်နဲ့ ထိပ်ဆုံးကချဲလ်ဆီးအောက် ၁ မှတ်လျော့အနေအထားနဲ့ ရှိနေပါတယ်။

(5) အေစီမီလန်အသင်းဟာ လက်ရှိနည်းပြ ပီအိုလီနဲ့ စာချုပ်သက်တမ်းတိုးချုပ်ဆိုဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။  ရာသီအစရလဒ်များကောင်းမွန်နေပြီး အမှတ်ပေးဇယားမှာလည်းအဆင့် ၂ နေရာမှာရပ်တည်လျှက်ရှိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: