အာဆင်နယ်သတင်းများ (8pm-4 Oct)

ဂရီးလစ်ရှ်နဲ့ ဖိုဒန်တို့ရဲ့နောက်မှာသာပွဲထွက်နေရတဲ့ စတာလင်ကို အာဆင်နယ်ဖက်က ပိုမိုစိတ်ဝင်စား လာနေတယ်လို့  Express ကလည်းဖော်ပြလာပါတယ်။ စျေးကွက်တန်ကြေး ပေါင် ၈၁ သန်းရှိတဲ့ ကွင်းလယ် လူဟာ အာတီတာနဲ့လည်း မန်စီးတီးမှာတုန်းက ဆက်ဆံရေးကောင်းတွေရှိထားတာဖြစ်ပါတယ်။

ပုံစံပြောင်းလဲလာတဲ့နောက်တန်းအတွက် ဂါဘရီရယ်ရဲ့ကစားပုံဟာ ပြယုဂ်တစ်ခုပဲလို့ နည်းပြအာတီတာက ချီးကျုးလိုက်ပါတယ်။  “ ပြီးခဲ့တဲ့လတုန်းက ကျွန်တော်တို့နောက်တန်းရဲ့မှတ်တမ်းဟာသိပ်ကောင်းပါတယ်။ ပိုမိုတိုးတက်လာဖို့လဲဆက်လက်ကြိုးစားရပါမယ်” လို့စပိန်သားနည်းပြကဆိုပါတယ်။ ဆက်လက်ပြီး ဘရိုက်တန် နဲ့ပွဲမှာ ထိခိုက်မှုအနဲငယ်ရှိခဲ့ပေမယ့် လူငယ်ကစားသမားလေး ဆာကာရဲ့ ကြံ့ခိုင်မှုဟာ အဆင်ပြေ သွားမယ်လို့မျှော်လင့်ကြောင်း အာတီတာက ပြောကြားခဲ့ပါတယ်၊

ဂန္တဝင်ကစားသမားကြီး ရိုက်က  ဘရိုက်တန်နဲ့ပွဲမှာ  ပါတေး ၊ အူဘာမီယန်တို့ဟာ အားနဲခဲ့ကြပြီး အိုဒီဂတ်ကလည်းပုံစံကောင်းမှာရှိမနေခဲ့ဘူးလို့ဆိုပါတယ်။  ဘရိုက်တန်အသင်းရဲ့ကစားပုံကိုလည်း ချီးကျူး သွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: