ဘရိုက်တန် အာဆင်နယ် ပွဲပြီးသုံးသပ်ချက် (၄မိနစ်)

အာဆင်နယ်အသင်းပရိတ်သတ်တွေအနေနဲ့ အနိုင်ရဖို့မျှော်လင့်ခဲ့ကြပေမယ့် ဘရိုက်တန်အသင်းရဲ့  Intensive Play နဲ့ တစ်ပွဲ လုံး Tempo မကျပဲကစားသွားတာကြောင့် သရေရလဒ်ပဲရရှိခဲ့ပေမယ့် တကယ်ကို ထိုက်တန်တဲ့သရေပွဲ ဆိုတာကို ဦးစွာပြောလိုပါတယ်။  ကိုယ့်အသင်းရဲ့ တည်ဆောက်နေရဆဲကာလမှာ  ပုံစံကောင်းရနေတဲ့ ဘရိုက်တန် ကို အဝေးကွင်းမှာ ခုလောက်ရင်ဆိုင်နိုင်တာကို ကျေနပ်ရမှာပါပဲ။ ပွဲဆီသွားရအောင်ဗျာ။

ပွဲစကတည်းက ဘရိုက်တန်ဖိပေမယ့် Passing Lane တွေကိုပိတ်ထားနိုင်လို့ ဘရိုက်တန်တို့  Overlap လုပ်ဖို့ပြင်တိုင်း ဘောလုံးနောက်ပြန်ရောက်နေပါတယ်။ ဒါက ၇ – ၈ မိနစ်လောက်အထိပါပဲ။ ၁၀မိနစ်ကျော် လောက်ကစပြီး ဘရိုက်တန်ပြန်ဖိလာနိုင်ခဲ့ပါတယ်။

၁၄ မိနစ်မှာ  ကူကူရယ်လာ ဖြတ်ချတာအသဲအေးစရာကောင်းခဲ့ပေမယ့် ထောင့်ကန်ဘောဖြစ်သွားခဲ့ပါတယ်။ ၁၅ မိနစ်မှာ ထရိုဆန် လွတ်ထွက်သွားတာကို တီယာနေ ကာထားလို့  ကန်စရာ Option နဲသွားသလို ကံလဲကောင်းခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မြင်သာတဲ့အားနည်းချက်က အူဘာဟာ ကွင်းလယ်တိုက်စစ်သမားတွေနဲ့ ကောင်းစွာမချိတ် ဆက်နိုင်တာဖြစ်ပြီး ဆမ်ဘီရဲ့ Vision အားနဲလို့အခွင့်အရေးအချို့မဖော်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ တီယာနေရှေ့တက်ရင် ကာပေးနေကျ ရှာခါမပါတော့ ဆမ်ဘီဟာဒီ  Function ကို အကျေအလည် မဖော်ဆောင်နိုင်တာကိုမြင်ရပါတယ်။

မိနစ် ၂၀ မှာ  အဝေးကဖြတ်တင်ဘောကို ထွက်ဆွဲတဲ့ ရမ်းစ်ဒေးလ် လွတ်ကျသွားတာကို  ဒန့်ခ် အနီးကပ် ကန်တာ ထောင်သွားခဲ့လို့ ကံကောင်းခဲ့ပါတယ်။ ဒပ်ဖီ က လည်းရမ်းစ်ဒေးလ် ကို ကြမ်းခဲ့တာကြောင့်လဲ ဘောလုံး လွတ်ကျခဲ့တာပါ။  ပွဲချိန် ၂၀-၃၀ အပိုင်းအခြားဟာ တောက်လျှောက်ဘရိုက်တန်ဖိတဲ့ကာလဖြစ်ပြီး အာဆင်နယ်တန်ပြန်တိုက်စစ်အနဲငယ်ကလွဲပြီးတည်မရခဲ့ပါဘူး။

ဆာကာ ကိုလည်း  ကူကူရယ်လာ နဲ့နောက်တန်းတွေ ဘောလုံးမရအောင် ဝိုင်းထိန်းထားနိုင်ခဲ့လို့ ညာခြမ်းက သေနေခဲ့ပါတယ်။ ဒါပေမယ့် ၂၂ မိနစ် မှာ တော့ ဆာကာပြေးလိုက်ရင်း တချက်လွတ်ထွက်သွားလို့ ထောင်ပေး တာကို အူဘာခေါင်းတိုက်တာ တိုင်ထိထွက်လာခဲ့ပြီး နောက်တန်းတွေအသဲအသန်ဖျက်ရပါတယ်။ ဒါဟာ အာဆင်နယ် အသင်းရတဲ့အခွင့်အရေးရှားရှားပါးပါးပါ။

၂၇မိနစ် မှာထရိုဆန် ကန်တာအပေါ်ထောင်ထွက်သွားလို့ ကံကောင်းခဲ့ပြီး ၂၈မိနစ် လဲ ဘန်းမ် ခေါင်းတိုက် တာ လဲ လွဲချော်ခဲ့ပါတယ်။

၃၅မိနစ်မှာ မရမကတိုးတဲ့   စမစ်ရိုကြောင့်ဖရီးကစ်ရပေမယ့် ပါတေးရဲ့ကန်ချက်တွေဟာ ပျောက်ဆုံးဆဲပါပဲ။ တကယ်တော့ ဒီဖရီးကစ်မှမဟုတ်ပဲ တစ်ပွဲလုံးမှာ ပါတေးဟာ အဖျက်ကောင်းသလောက် ကန်ချက်တွေက အံ့သြစရာလွဲချော်နေခဲ့တာပါ။

ပထမပိုင်းမှာတင် ဘရိုက်တန် ၅ ကြိမ်ထောင့်ကန်ရတဲ့အထိ  အာဆင်နယ် မရသေးပါဘူး။ ဒီလောက်ထိကို ဘရိုက်တန်ဟာဖိခဲ့တာပါ။ ဘရိုက်တန်ရဲ့အားပါတဲ့   Intensive Play ကြောင့် ဘောတည်မရတာ ပထမပိုင်းတစ်ခုလုံးပါပဲ၊

ပထမပိုင်းပြီးခါနီးမှာ အာဆင်နယ်တို့ပြန်ဖိပေမယ့် အူဘာမီယန်နှေးနေတာ ၊ တီယာနေးရဲ့ ဖြတ်တင်ဘော တွေရိုးရှင်းလွန်းတာ ၊ ဘရိုက်တန်တို့ပိတ်ဆို့ထားတာကြောင့် မထိုးဖောက်နိုင်ခဲ့ပေမယ့် စမစ်ရိုရဲ့လိုက်လံ ချိတ်ဆက်တာတွေဟာ အဆင့်တစ်ခုမှာရှိနေတာကိုတွေ့ရပါတယ်။

ဒုတိယပိုင်း ၅၃  မိနစ်မှာ လွတ်ထွက်သွားတဲ့ အူဘာ ဂိူးသမားပါလိမ်ပြီးမှလွဲချော်ခဲ့တာကြောင့် နစ်နာခဲ့ရ ပါတယ်။ တစ်ပွဲလုံးရဲ့ အပိုင်ဆုံးအခွင့်အရေးပါပဲ။

ဘရိုက်တန်နဲနဲလေးကစားအားကျသလိုရှိလို့ အာဆင်နယ်တို့ပိုဖောက်လာနိုင်ပေမယ့် နောက်တန်းက Block ကို ဖြေထုတ်ဖို့ ကွာလတီပလေယာလိုအပ်နေခဲ့ပါတယ်။ အထူးသဖြင့် Link Up Play ကိုကောင်းစွာ ကစားနိုင်တဲ့ တိုက်စစ်မှုးလိုအပ်နေတာပါပဲ။

ဒီနေ့ပွဲမှာ ကစားပေါက်ကြပ်နေတဲ့ အိုဒီဂတ်ကို ထုတ်ပြီး ပေပေကိုထည့်ကာ တောင်ပံတွေကနေ ထိုးဖောက်ဖို့ပြင်လာခဲ့ပြီး အူဘာနဲ့ လာကာကိုလဲ မိနစ် ၇၀ မှာလဲခဲ့ပါတယ်။ အတိုင်းအတာတစ်ခုထိ အလုပ်ဖြစ်ပြီး အာဆင်နယ်တို့ အနဲငယ်ခေါင်းပြန်ထောင်လာနိုင်ခဲ့ပါတယ်။

ဘရိုက်တန်လဲ အခွင့်အရေးတွေရပေမယ့် အဆုံးသတ်တိုင်းကအပေါ်ထောင်နေတာ ၊ မူပေးရဲ့  နောက်ပြန် ကန်ချက် လဲ လွဲချော်ခဲ့တာကြောင့်  အခွင့်အရေးများပေမယ့်  ဂိုးတော့မရခဲ့ပါဘူး။

၇၅ မိနစ်မှာ ဆာကာနဲ့ စမစ်ရိုတို့လွတ်ထွက်သွားတာကို ဆာကာဆီချပေးရမယ့်အစား ကန်သွင်းခဲ့လို့ ထောင့်ကန်ဘောနဲ့အဆုံးသတ်သွားရပါတယ်။  ဒီအလုံးမှာ ဆာကာဆီထိုးပေးဖို့  ပရိတ်သတ်တွေမျှော် လင့်ခဲ့ကြပေမယ့်  ပြေးလာရတဲ့အရှိန်ရယ် ၊ ဧရိယာထဲမှာ ရတဲ့  Space  ရယ်ကြောင့် ကန်သွင်းတာလဲ မမှားတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါပေမယ့် ကန်ချက်ကတော့ပိုကောင်းရင် တစ်ခုခုဖြစ်သွားနိုင်ပါတယ်။

ပွဲပြီးခါနီးမှာစမစ်ရို ဖိတွန်းခံရလို့ ပယ်နယ်တီရသင့်ပေမယ့် VAR  တောင်မကြည့်ခဲ့ပါဘူး။   ဒပ်ဖီအလုံးကျတော့ အာဆင်နယ်ပရိတ်သတ်တွေ အနဲငယ်ရင်ခုံလိုက်ရပါသေးတယ်။

ဒါကပွဲရဲ့  Moment တွေပါ။

Admin Team ရဲ့သုံးသပ်ချက်လေးကို တင်ပြလိုပါတယ်။

  • ဘရိုက်တန်အသင်းဟာ ဒီရာသီပုံစံကောင်းတွေရနေသလို အင်အားလဲဖြည့်တင်းထားပါသေးတယ်။ နောက်ပြီး ယူနိုက်တက်ရဲ့ ရလဒ်ကြောင့်  Table မှာလည်း မျှော်လင့်လို့ရနေတဲ့အခြေအနေမှာခုလို ကစားအားထွက်လာတာမဆန်းပါဘူး။ ညကသာသူတို့နိုင်ရင် ခုချိန် ချဲလ်ဆီးနဲ့အမှတ်တူကို ရောက်နေမှာပါ။
  • တိုက်စစ်မှာပြသနာရှိနေတာက မြင်သာလွန်းပါတယ်။ လာကာဇက်ပြန်ဝင်လာမှ Transition  တွေပြန်ကောင်းလာတာပါ။ ဒီလို ပွဲမျိုးမှာ အူဘာထက် လာကာကိုပိုသုံးသင့်ပါတယ်။ ဒါကတော့ အာတီတာကို ထောက်ပြစရာရှိပါတယ်။
  • သရေရတာကို ကျေနပ်သင့်တဲ့အကြောင်းတွေထဲမှာ ဘရိုက်တန်ဟာ လုံးဝ Form  မိနေတဲ့အသင်းဖြစ်ပြီး  Shots per match 12.3 ရထားတဲ့ တိုက်စစ်ကိုပိုင်ထားတာပါ။ ဒီနေ့ပွဲမှာ ရတဲ့  Chance ပေါင်းများစွာကို အာဆင်နယ်အသင်းရဲ့ လူငယ်ခံစစ်တန်းက အကောင်းဆုံး တုန့်ပြန်သွားတာပါ။ ကိုယ့်ဖက်ကတိုက်စစ်အားနဲ့ချိန်မှာ  တဖက်က တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်တာကို ကျေနပ်ရမှာပါပဲ။
  • အာဆင်နယ်ဟာ မထိုးဖောက်နိုင်တာကလွဲရင် အမှားအနဲဆုံးနဲ့ကစားခဲတာပါ။ ဆမ်ဘီကို အဆင် မပြေရင်လဲလို့ ‌ပြောနိုင်ပေမယ့်  ရှာခါနာသွားကတည်းက ဒီနေရာဟာ ပြသနာရှိတယ် ဆိုတာကြိုမြင် ထားပြီးသားမို့  အပြစ်အလုံးစုံမဖို့လိုပါဘူး။ အူဘာနဲ့လာကာကိုသုံးပုံကိုသာ ပိုထောက်ပြလိုပါတယ်။
  • ကူကူရယ်လာရဲ့ဖောက်ချက်တွေကို ခြေစွမ်းကျနေချိန် ဘယ်လာရင်နဲ့ ဆစ်ဒရစ်တို့ထိမ်းတာကိုသာ တွေးကြည့်လိုက်ပါ။ အနဲဆုံး ၂-၀ နဲ့အာဆင်နယ်အရေးနိမ့်နိုင်တဲ့ပွဲပါ။

အနိုင်ရလဒ်ကိုမျှော်လင့်ထားကြတာမို့ မပျော်နိုင်ကြတာကိုနားလည်ပေမယ့် ကိုယ့်အသင်းအားနည်းချက်တွေ ရှိထားချိန်မှာ ဒီနေ့ပွဲသရေရလဒ်ဟာ ဖြစ်သင့်တဲ့ရလဒ်ပါပဲ။ ဘရိုက်တန်အသင်းရဲ့ လျှင်မြန်မှု ၊ မာကျောမှု တွေဟာ အသိအမှတ်ပြုကိုပြုရမှာပါ။ အရင်အာဆင်နယ်ဆိုရင် သေချာပေါက်ရှုံးနိမ့်သွားနိုင်ပါတယ်။ နှမြောစရာ ကတော့ အူဘာရဲ့  ဒုတိယပိုင်းအစမှာရတဲ့အခွင့်အရေးလွဲတာရယ် ၊ စမစ်ရိုရဲ့ ပယ်နယ်တီ ရနိုင်တဲ့ အနေအထားရယ်ပါပဲ။

( ဆောင်းပါးလေးကိုနှစ်သက်တယ်ဆိုရင် အာဆင်နယ်အသင်းအကြောင်းတွေသီးသန့်တင်ဆက်ပေးနေတဲ့ Gunners’ Side    ကိုလည်း  LIKE လုပ်ပေးထားကြပါဦး)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: