ဥရောပဘောလုံးသတင်းများ (2pm-3 Oct)

ပါဝင်ကစားနိုင်ခြင်းမရှိတာ ၂ ပွဲရှိပြီဖြစ်တဲ့ တိုက်စစ်မှုးဟာလန်းနဲ့ပတ်သတ်ပြီး ဒေါ့မွန်နည်းပြ မာကိုရို့စ်က   “ ဟာလန်းဟာ လူသားတစ်ယောက်ပါ ၊ စက်ရုပ်မဟုတ်ပါဘူး။ သူ့ရဲ့အခြေအနေနဲ့ပတ်သတ်ပြီး ကျွန်တော့်ကို ပွင့်လင်းစွာပြောပါတယ်။  သူဟာကစားချင်ပေမယ့် လမ်းတောင်မလျှောက်နိုင်သေးပါဘူး။ ဒါဟာ သူဖြစ်ချင်တဲ့အနေအထားလဲမဟုတ်ပါဘူး။ သူ့ကိုအလိုရှိပေမယ့် ခနခန ကစားနိုင်ပြီလားဆိုပြီး ကျွန်တော်တို့မေးနေမှာမဟုတ်ပါဘူး။ သူအမြန်ပြန်ကောင်းလာမှာပါ” လို့ပြောကြားခဲ့ပါတယ်။ ဟာလန်းမပါဝင်တဲ့ မိုချန်ဂလာဘတ်နဲ့ပွဲမှာ ဒေါ့မွန်တို့က  ၂-၁ နဲ့အနိုင်ရခဲ့ပါတယ်။

Daily Star ရဲ့ဖော်ပြချက်အရ မန်ချက်စတာစီးတီးအသင်းဟာ ဘင်ဖီကာအသင်းရဲ့ကစားသမား ဒါဝင်နူးနက်စ် ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ နူနက်စ်ကိုလက်ရှိအချိန်မှာ ဘာကာ ၊ လီဗာပူး ၊ မန်ယူ ၊ ချယ်ဆီး ၊ ဘိုင်ယန် ၊ အင်တာနဲ့ အက်သလက်တီကို တို့ကစိတ်ဝင်စားနေကြပါတယ်။

ဒန်နီအိုလမိုကို ခေါ်ယူဖို့မအောင်မဖြင်ဖြစ်ပြီးတဲ့နောက်မှာ မန်စီးတီးတောင်ပံကစားသမား စတာလင်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့အပြိုင် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ရလဒ်တွေဆက်တိုက်ဆိုးရွားနေတဲ့ နည်းပြကိုးမန်းနေရာမှာ ဝင်ရောက်ဖို့  မက်ဒရစ်ကစားသမားဟောင်း ဂူတီက တံခါးဖွင့်ထားတယ်လို့ဆိုပါတယ်။ ဒီအပေါ်မှာ လက်ရှိနည်းပြ အန်ဆယ်လော့တီကတော့ သူ့အနေနဲ့သူ့ရဲ့သမိုင်းမှာ ဒီလိုမဟာပြိုင်ဖက်ကိုနည်းပြတာမျိုးလုပ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

အဲဗာတန်အသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ ခရစ်စတီယာနို ရိုနာဒိုတစ်ယောက် မကျေမနပ်ဖြစ်နေတာ မြင်သာခဲ့ပြီး ကွင်းပြင်ကိုဒေါသထွက်နေတဲ့အမူအရာနဲ့ထွက်သွားခဲ့ပါတယ်။ (Video from BT Sport Below)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: