ဘရူနိုနဲ့ အမေးအဖြေ‌ (ကြာချိန် ၃ မိနစ်)

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ် က သူ့ရဲ့အသင်းဖော်တွေကို အဲဗာတန်နဲ့ပွဲက အမှားတွေအပေါ်မှာသင်ခန်းစာယူဖို့ တိုက်တွန်းလိုက်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် နှစ်ပွဲဆက် တာဝန်ယူထားတဲ့ ပေါ်တူဂီကွင်းလယ်လူအနေနဲ့ အသင်းကို ဦးဆောင်ဂိုးရအောင်ကူညီနိုင်ခဲ့ပေမယ့် တောင်ဆန်ရဲ့ ချေပဂိုးကြောင့် သရေရလဒ်ကိုသာ ဆောင်ကျဥ်းပေးနိုင်ခဲ့ပါတယ်။

ဘရူနိုရဲ့ ယူနိုက်တက်အတွက် အကြိမ် ၅၀ မြောက်ဖန်တီးပေးမှုကနေတစ်ဆင့် မာရှယ်ရဲ့  တဖက်အသင်း ဧရိယာ ထိပ်သွင်းဂိုးဟာ အဆင့်အတန်းမြင့်လှပခဲ့ပြီး ပြင်သစ်သားရဲ့ဂိုးနဲ့ပဲအနိုင်ရဖို့ ယူနိုက်တက်တို့ အစကောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာပေးလိုက်ရတဲ့ချေပဂိုးကြောင့် ဘင်နီတက်ရဲ့ အဲဗာတန် ကိုသရေရလဒ်ပဲ ရခဲ့တဲ့အပေါ်မှာ ဘရူနိုက ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။

တကယ့်ကိုပဲ လက်ခံရခက်ခဲတဲ့ရလဒ်ပါ … ပထမပိုင်းမှာတော်တော်ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့အမှားတွေကိုလုပ်ခဲ့မိပါတယ်။

ဒီတစ်ကြိမ်အမှားတွေကနေ သင်ခန်းစာယူမှရပါလိမ့်မယ်။ ကျွန်တော်တို့နောက်ထပ်အဖြစ်မခံနိုင်ပါဘူး။  နိုင်နေချိန်မှာ ကစားအားနဲ့ ပွဲရှိန်ကျသွားတာမျိုးကို လက်ခံလို့မရပါဘူး။ လျှင်မြန်တဲ့ကစားပုံနဲ့အတူ နောက်ထပ်သွင်းဂိုးတွေ ရယူနိုင်ဖို့လိုပါမယ်။  ပွဲရှိန်ကို အနိုင်ပြတ်သားပြီး တဖက်အသင်းဟန်ချက် ပျက်ချိန် ကျမှသာ အကျခံ လို့ဖြစ်မှာပါ။ အခုရလဒ်အပေါ်ကျွန်တော်တို့ စိတ်ဆိုး ဒေါသထွက်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းမွန်စွာ ပြန်လာနိုင် ရပါလိမ့်မယ်။ နိုင်ငံတကာပွဲစဥ်တွေအပြီးမှာ ရင်ဆိုင်ရမယ့် နောက်တစ်ပွဲအတွက်အသင့်ဖြစ်နေရပါလိမ့်မယ်။

အနိုင်မရရှိခဲ့လို့စိတ်ပျက်နေပေမယ့် အသင်းဖော်ပြင်သစ်သားရဲ့ သွင်းဂိုးအတွက်ကိုတော့ဘရူနိုကကျေနပ် နေပါတယ်။

သူ့ဂိုးကတော်တော်လှတာဗျ  .. သူရဲ့သွင်းဂိုးတွေကိုမြင်နေရတာစိတ်ချမ်းသာစရာပါပဲ။  သူဟာ လွန်ခဲ့တဲ့ ၂ ရာသီတုန်းကအသင်းအတွက် ဂိုးတွေအများကြီးသွင်းပေးခဲ့သူပေါ့။ ပွဲကစားချိန်များများမရတဲ့အခါ သူ့ခြေစွမ်းကောင်းတွေရရှိဖို့ အခက်အခဲရှိပါတယ်။ ဒါပေမယ့် သူဟာအသင်းအတွက်အရေးပါနေဆဲဆိုတာကို ပြသနေတုန်းပါပဲ

(Photo by Robbie Jay Barratt – AMA/Getty Images)

အဲဗာတန်ကိုပေးလိုက်ရတဲ့ချေပဂိုးနဲ့ပတ်သတ်လို့လဲ သူ့အပြစ်မကင်းကြောင်းကို ပွင့်လင်းစွာနဲ့ပြောပါတယ်။

ကျွန်တော့်ရဲ့အမှားလဲပါပါတယ်။ ကျွန်တော်တို့သေသေချာချာမဖျက်ထုတ်နိုင်ခဲ့ဘူး။ ကျွန်တော့်အခြမ်းက စတင်ပြီး ထိုးဖောက် သွား ခဲ့တာပါပဲ။ ဒီလိုဖြစ်နေတာ ပထမဆုံးအကြိမ်လဲမဟုတ်တော့ပါဘူး။ နောက်ထပ် မဖြစ်ဖို့ တော့ကြိုးစား ရမှာပါ။  တန်ပြန်တိုက်စစ်တွေကို ခွင့်မပြုရဖို့အတွက် တကယ် အလုပ်ဖြစ်တဲ့ တစ်စုံ တစ်ရာကို ကြိုးစားရပါလိမ့်မယ်

ဒါဟာတစ်စုံတစ်ယောက်ထဲနဲ့မသက်ဆိုင်ပါဘူး။ အားလုံးတူတူကြိုးစားရမယ့်ကိစ္စပါ။ ပိုကောင်းတဲ့အနေ အထား တစ်ခုအတွက် တူတူကြိုးစားရမှာပါ

သရေပွဲကြောင့်အမှတ်ဆုံးခဲ့ရပေမယ့် ယူနိုက်တက်အသင်းဟာ ၁၄ မှတ်ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာရှိနေပါသေးတယ်။ ဒါပေမယ့် ဘရူနိုကတော့ သူတို့လိုချင်တဲအနေအထားမဟုတ်ဘူးလို့လဲ ဆိုခဲ့ပါသေးတယ်။

ကျွန်တော်တို့ဒီထက်ပိုပြီး အမှတ်တွေရသင့်သလို ရလဲရနိုင်ခဲ့ပါတယ်။  ရာသီမကုန်မချင်းအကောင်းဆုံး ကြိုးစားရှေ့ဆက်သွားရမှာပါ။ ပွဲတွေကစားဖို့အများကြီးကျန်ပါသေးတယ်။  အရာအားလုံးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားရမှာပါ

(ယူနိုက်တက်မီဒီယာမှ သတင်းထောက် စတီးဝတ်ဂတ်ဒ်နာ ရဲ့မေးမြန်းချက်မှ ကောက်နုတ်တင်ပြပါသည်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: