သမိုင်းထဲက ဂိုးမုဆိုးများ – ကီဗင်ဖိလစ်

ခုချိန်မှာတော့ ကီဗင်ဖိလစ်လို့ဆိုလိုက်ရင် လိဒ်အသင်းရဲ့  ကွင်းလယ်လူ ဖိလစ်ကိုပဲပြောကြမှာပေါ့။ တကယ်တော့ EPL  မှာ ကီဗင်ဖိလစ်လို့ ခေါ်တဲ့ ဂိုးသွင်းသူရဲကောင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဆန်ဒါးလန်းအသင်းမှာ အကြာဆုံး ကစားခဲ့ပြီး England အသင်းတွေအများကြီးမှာကျင်လည်ခဲ့တာပေါ့။ ဆာအဲလက်စ် ရဲ့မျက်စိကျမှုကြောင့် မန်ချက်စတာယူနိုက်တက်ကိုပြောင်းဖို့တောင် သတင်းတွေထွက်ခဲ့ဖူးတာပေါ့။

ဖိလစ်ကို  အဂ်လန်နိုင်ငံ  ဟတ်ဖို့ရှိုင်းယား အရပ်မှာမွေးဖွားခဲ့ပါတယ်။ ဆောက်သမ်တမ်အသင်းရဲ့ လေ့ကျင်ရေး ကစားသမားအဖြစ် ၆ နှစ်လောက်ပညာတွေသင်ခဲ့ပါတယ်။ သူက တိုက်စစ်မှာ ကစားချင်ပေမယ့် ခန္တာကိုယ်သေးလို့  နောက်ခံအစွန်လူအဖြစ်စတင်ကစားခဲ့ရပါတယ်။ ဖိလစ်ဟာ ဆောက်သမ်တမ်လေ့ကျင့်ရေး ကစားသမားဘဝကနေ ပရိုအဆင့်ထိမရောက်လိုက်ပဲ    ဆီမီးပရိုအဆင့်အသင်း Baldock Town ဆီကိုပဲပြန်လာခဲ့ရပါတယ်။  နောက်ခံလူအဖြစ်ကစားနေရင်းနဲ့ အသင်းမှာ ဒဏ်ရာရကစားသမားတွေများနေလို့ရှေ့တက်ကန်တာကနေ စစကန်ချင်းမှာပဲ ၂ ဂိုးသွင်းနိုင်တာကစလို့ တိုက်စစ်မှုးဖြစ်လာခဲ့တာပါပဲ။

နောက်တော့ ဝက်ဖို့ အသင်းနဲ့အတူ ပရိုဖက်ရှင်နယ် စာချုပ်ချုပ်ပါတော့တယ်။ အဲ့တုန်းက ၁၉၉၁ ခုနှစ် ။ ကနဦးပြောင်းရွှေ့ကြေးက ပေါင်း ၁၀၀၀၀ ၊ ထပ်ဆောင်းကတော့ ပေါင် ၅၀၀၀ ရယ်ပေါ့။ ဒီလိုနဲ့ ဂိုးမုဆိုးတစ်ယောက်ရဲ့ခရီးတွေစခဲ့တာပါပဲ။

ဖိလစ်ရဲ့ကစားဟန်

အလွန်ရိုးရှင်းတဲ့  Traditional Centre Forward ပါပဲ။ ဒါပေမယ့် ဘယ်သူမှ မတားဆီးနိုင်ခဲ့တဲ့ အကောင်းဆုံးအချိန်တွေကိုပိုင်ဆိုင်ခဲ့တဲ့သူပါ။ ဖိလစ်ကို Final Third Zone  မှာ ဘောလုံးပေးမထိဖို့လိုပါတယ်။ တစ်ခါတည်းတန်းကန်မလား ၊ Body Feint လုပ်ပြီး ကန်မလား ၊ ဆွဲဝင်မလား ။ သူရဲ့ဆုံးဖြတ်ချက်တိုင်းက ဂိုးအဖြစ်အဆုံးသတ်ပါတယ်။  ဧရိယာထဲရောက်လာတဲ့ဘောလုံးတွေကို တချက်ထိန်းပြီးတန်းကန်တာကလဲ သူ့ရဲ့   Trademark ပါပဲ။ သူဟာ ရိုးရှင်းတဲ့ဂိုးမုဆိုးတစ်ယောက်ပါ။ နောက်တန်းကနေ တန်းတင်ပေးလိုက်‌တဲ့ဘောလုံးတွေကို တဖက်နောက်ခံလူတွေနဲ့ယှဥ်ပြေးရင်းလဲဂိုးရယူနိုင်သူဖြစ်ပါတယ်။

ကစားခဲ့တဲ့အသင်းများ

အသင်းကတော့တကယ်များတာပါ။  နောက်ပိုင်းနှစ်တွေဆိုရင် တစ်သင်းမှာ ခနပဲကစားတဲ့ပုံစံပါပဲ။ ဒါပေမယ့် ဆန်းဒါးလန်းအသင်းနဲ့တော့ ၆ ရာသီတိုင်အောင်တူတူကစားခဲ့ပါတယ်။

  • ဝက်ဖိုဒ့်မှာ  ၁၉၉၄-၉၅ ကနေ ၉၆-၆၇ ထိ
  • ဆန်ဒါးလန်းမှာ  ၁၉၉၇-၉၈ ကနေ ၂၀၀၂-၀၃ ထိ
  • စိန့်မှာ  ၂၀၀၃-၀၄ ကနေ ၀၄-၀၅ ထိ
  • ဗီလာမှာ ၀၅-၀၆
  • ဝက်စ်ဘရွန်းမှာ   ၀၆-၀၇ ကနေ ၀၇-၀၈
  • ဘာမင်ဂမ်မှာ ၀၈-၀၉ ကနေ ၂၀၁၀-၁၁ ထိ
  • ဘလက်ပူးမှာ ၂၀၁၁-၁၂ ကနေ ၂၀၁၂-၁၃ ထိ
  • ပဲလေ့စ်မှာ ၂၀၁၂-၁၃ ကနေ ၁၃-၁၄ထိ
  • လက်စတာစီးတီးမှာ ၂၀၁၃-၁၄  တစ်ရာသီ

ကလပ် ကစားသမားဘဝမှာ စုစုပေါင်း ၆၆၀ ပွဲကစားပြီး   ၂၈၂ ဂိုးသွင်းယူခဲ့ပါတယ်။ ၁၉၉၉-၂၀၀၀ ရာသီတုန်းက EPL မှာလည်း ရွှေဖိနပ်ရဖူးပါတယ်။ ၂၀၁၃-၁၄ ရာသီမှာလက်စတာအသင်းနဲ့ အတူကစားခဲ့ပြီး ဘောလုံးသမား ဘဝကနေ အနားယူခဲ့ပါတယ်။ နစ္စတယ်ရွိုင်း ၊ အွန်နရီတို့နဲ့အပြိုင်နွှဲခဲ့ဖူးတဲ့ တိုက်စစ်မှုး တစ်ယောက်ပေါ့။ ၂၀၀၂ လောက်တုန်းက မန်ချက်စတာယူနိုက်တက်တို့ တိုက်စစ်မှုးသစ်လိုတော့ သူ့ကို အထူးစိတ်ဝင်စားခဲ့ပါသေးတယ်။

အတောက်ပဆုံးနှစ်များ

၂၀၀၀ ဝန်းကျင်ကာလတွေဟာဖိလစ်ရဲ့အကောင်းဆုံးအချိန်တွေပါပဲ။ ပြည်တွင်းမှာတင်မက ပြည်ပမှာပါဂိုးသွင်းဆုတွေရခဲ့တာ‌ပေါ့။ ၁၉၉၉-၂၀၀၀ ရာသီအစတုန်းကဆိုရင် ဖိလစ် ဟာ EPL မှာ  ၅-၆ ဂိုးလောက်ပဲရနိုင်တယ်ဆိုပြီး ခန့်မှန်းခဲ့ကြပေမယ့် ရာသီဝက်မှာတင် ဂိုး ၂၀ ပြည့်နေခဲ့တာပါ။ ရာသီကုန်မှာ ဂိုး ၃၀ သွင်းယူပြီး EPL မှာတင်မက ဥရောပမှာပါရွှေဖိနပ်ဆုရခဲ့ပါတယ်။

ဖိလစ်ဟာ ဆန်ဒါးလန်းအသင်းအတွက် ဂိုးပေါင်း ၁၃၀ ထိသွင်းပေးခဲ့ပါတယ်။ စုစုပေါင်းကစားသမားဘဝသွင်းဂိုးရဲ့ တဝက်နီးပါးပါပဲ။ လက်စတာစီးတီးတို့ တန်းပြန်တက်မယ့်နှစ်မှာ တူတူကစားပေးပြီးနောက် ဖိလစ်ဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပါတယ်။ လက်စတာအတွက် ၁၂ ပွဲကစားပြီး ၂ ဂိုးသွင်းပေးခဲ့ပါတယ်။

EPLရဲ့တိုက်စစ်မှုးဟောင်းတစ်ယောက်အကြောင်းကိုပြန်ပြောင်းပြောရင်းအမှတ်တရတွေကိုသတိရကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: