နောက်ဆုံးရ အာဆင်နယ် သတင်းများ (12pm, 30Sep)

အဆန်ဆီယိုကို ဒုတိယအကြိမ်ကမ်းလှမ်းမယ်

ပြီးခဲ့တဲ့ရာသီမှာ  ပေါင်း ၃၄ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲဖက်က ပယ်ချခဲ့တာကြောင့် မအောင်မြင်ခဲ့တဲ့ ကွင်းလယ်လူအဆန်ဆီယိုကို အာဆင်နယ်ဖက်က ဒုတိယအကြိမ်ဆက်လက်ကမ်းလှမ်းသွားမယ်လို့   442 ကဆိုပါတယ်။

တိုမီယာဆု အပေါ် ဂန္တဝင်ကြီး အီယန်ရိုက် ရဲ့ပြောစကား

လုံးဝအကြီးအကျယ်ပဲဗျာ … ကျွန်တော်တို့သူ့ကို စာချုပ်တုန်းက အတော်လေးအပြောခံရတာပါ။ ဒါပေမယ့် ခုချိန်ထိ  1 vs 1 သူကို့မကျော်နိုင်ကြသေးဘူး၊ ပြီးတော့ တောက်လျှောက်လန်းနေတာဗျာ… ဒါတွေက မပြီးဘူးဗျ ၊ ထူးရှယ်ခြေစွမ်းတွေမြင်ရဦးမှာ    

သံယောဇဥ်ကြီးတဲ့ မတ်ရိုင်ယန်

အသင်းမှာ ခနတာပဲလာရောက်ကစားခဲ့ပေမယ့် ဂိုးသမား မတ်ရိုင်ယန်က  အသင်းဖော်ဟောင်း ဂရန်းနစ်ရှာခါအတွက် အမြန်သက်သာစေဖို့  Twitter  မှာ  Speedy Recovery Bro  လို့ ဆုတောင်းပေးသွားခဲ့ပါတယ်။ ရှာခါဟာ ထင်ထားတာထက်ပိုပြီးအနားယူရဖို့ရှိပြီးအသင်းနဲ့ နှစ်ကုန်လောက်မှာသာပူးပေါင်းနိုင်မယ့်သဘောရှိနေပါတယ်။

ဘေဘီဂျက်ကို အသင်းမှာတွေ့နိုင်မလား

ကာလအတိုင်းအတာတစ်ခုထိနားရတော့မယ့် ကွင်းလယ်လူရှာခါရဲ့နေရာကို အစားထိုးဖို့  အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟောင်း ဂျက်ဝီးရှိုင်းယား အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ပရိတ်သတ်တွေက ဆန္ဒရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့လျာထားနည်းပြစာရင်းမှာပါဝင်နေတဲ့ အာတီတာ

ရလဒ်တွေ တောက်လျှောက်ဆိုးရွားနေတဲ့ ဘာစီလိုနာအသင်းဟာ နည်းပြကိုးမန်းနေရာမှာအစားထိုးဖို့ လျာထားစာရင်းမှာ   ၉/၁  လေး နဲ့အတူ နည်းပြအာတီတာလဲပါဝင်နေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: