North London Derby အတွက် ထည့်စဥ်းစားရမယ့် အချက် ၉ ချက်

ဘယ်လိုအခြေအနေတွေကြုံတွေ့နေရပါစေ။ မြောက်လန်ဒန်ဒါဘီကတော့ လက်မှတ်တွေကုန်သွားပါပြီ။ အာဆင်နယ် အသင်းရဲ့ပရိတ်သတ်တွေ အားပေးမှုကတော့ တကယ်ချီးကျူးစရာပါ။ အသင်းဖက်က တာဝန်ကျေဖို့ပဲ လိုပါတော့တယ်။

ရာသီစတုန်းက ဝေဖန်ခံခဲ့ရတဲ့ကစားသမားတွေဟာလည်း ခြေစွမ်းပြသထားနိုင်လို့ ပရိတ်သတ်တွေရဲ့ နှစ်သက်ခြင်းကို စတင်ရရှိလာနေပါပြီ။ ဒါပေမယ့် အခုအပတ် တော့တင်ဟမ်ကို အနိုင်ရရှိလိုက်မှာသာ သူတို့ရဲ့ လတ်တလောရရှိနေတဲ့ချီးကျူးမှုတွေဟာ ဆက်လက်တိုးတက်သွားမှာဖြစ်ပြီး မဟုတ်ရင်တော့အသင်းရော ၊ သူတိုရော ဝေဖန်မှု ဝဲဂယက်ထဲကနေ လွတ်မြောက်ဖို့မလွယ်သေးပါဘူး။

တဖက်မှာလည်း တော့တင်ဟမ်အသင်းနည်းပြ နူနိုဆန်တိုရဲ့ ပွဲဦးထွက် ဟန်းနီးမွန်းက ကျော်လွန်သွားပြီဖြစ်ပါတယ်။ ဒီတော့ နှစ်သင်းစလုံးအတွက်အရေးပါနေတဲ့ ဒီပွဲအတွက် သိထားရမယ့်အချက်လေးတွေကို ထုတ်နုတ်ပေးလိုက်ရပါတယ်။

  • အာဆင်နယ်အသင်းဟာ ၂၀၁၀ ကတည်းက အိမ်ကွင်းမှာ တော့တင်ဟမ်ကို မရှုံးဖူးသေးပါဘူး။ နောက်ဆုံး EPL  အဖြစ် အမ်းမရိတ်မှာ ဧည့်ခံတုန်းက ၂-၁ နဲ့နိုင်ခဲ့ပါတယ်။
  • လတ်တလော အာဆင်နယ်က ပြိုင်ပွဲစုံ ၃ ပွဲဆက်အနိုင်နဲ့  Clean Sheet လည်းရထားပါတယ်။ စပါးအသင်းက လက်ရှိ Rhythm ပျက်နေပါတယ်။ မနှစ်က အိမ်ကွင်းနိုင်ပွဲမှာ ဂါဘရီယယ်အစွမ်းပြခဲ့သလို အခုနှစ်မှာလည်း သူရဲ့ပုံစံကောင်းတွေကိုမြင်နေရပါတယ်။
  • ဆွန်ရော ကိန်းရောကတော့ အာဆင်နယ်နဲ့တွေ့ရင် ဂိုးမြုးတတ်ကြပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ စပါးဟာ အာဆင်နယ်ကိုသိသိသာသာ အသာရနေပေမယ့် အမ်းမရိတ်မှာတော့ မဟုတ်ပါဘူး။
  • ဒီပွဲဟာ နှစ်သင်းစလုံးအတွက်အရေးပါနေပြီး အာဆင်နယ်အတွက်ကတော့ အနိုင်ရခြင်းဟာ အသင်းရဲ့အလှည့်အပြောင်းတစ်ခုတောင်ဖြစ်သွားနိုင်ပါတယ်။ လတ်တလောမှာ စပါးအသင်းက ၉ မှတ်ရထားပြီး အာဆင်နယ်က ၆ မှတ်သာရထားပါတယ်။
  • ထိပ်တန်းနောက်တန်းတွေနဲ့ယှဥ်ရင် Pressing   မှာအားနဲတဲ့ စပါးနောက်ခံလူတသိုက်ရယ်  ၊ အိုဒီဂတ်တို့အဖွဲ့ရဲ့ အားကြိုးမာန်တက်ကစားပုံရယ်ထိပ်တိုက်တွေ့ဖို့ရှိပါတယ်။ တဖက်မှာလည်း ပုံစံကောင်းရနေတယ်လို့ ချီးကူးခံနေရတဲ့ အာဆင်နယ်နောက်တန်းနဲ့ စပါးအသင်းရဲ့ ဆွန်နဲ့ကိန်း တို့အတွဲ ထိပ်တိုက်တွေ့ကြပါပြီ။
  • လူသစ်လေး ဘရိုယန်ဂီးလ် ခြေစွမ်းပြနေပေမယ့် စပါးအသင်းမှာ ပထမအသင်းနဲ့ခြေညီတဲ့ အရံအင်အားနဲပါးနေပါတယ်။ အာဆင်နယ်အသင်းမှာတော့ ခြေစွမ်းသိပ်မကွာလှတဲ့ လူငယ်တသိုက်ရှိနေတာကြောင့် ဒုတိယပိုင်း ကစားအားမှာတော့ အာဆင်နယ်အသင်းက အသာရနိုင်ပါတယ်။
  • အာဆင်နယ်အသင်းရဲ့တိုက်စစ်ဟာ တော်တော်လေးပုံပျက်နေပါတယ်။ လာကာဇက်ဟာ အသင်းခေါင်းဆောင် အူဘာမီယန်ထက်တောင်ပုံစံကောင်းရနေသလိုပါပဲ။ ပေပေ ကလည်းတစ်ပွဲထဲမှာတောင်မှ မတူညီတဲ့ စွမ်းဆောင်ရည်တွေပြသနေတာပါ။ ဒါဟာ အာဆင်နယ်အသင်းအတွက် ပြသနာအကြီးကြီးဖြစ်ပါတယ်။
  • ဟယ်ရီကိန်းတစ်ယောက် ဆွန်ရဲ့နောက်မှာ ခြေမပေါ်ပါဘူး။ ဒါကြောင့် ဒီပွဲမှာ Centre Striker အဖြစ်ပြန်လည်ပွဲထွက်လာနိုင်ပါတယ်။
  • ဆန်တိုရဲ့စပါးအသင်းဟာ ဒါဘီပွဲ ၂ ပွဲဆက်အရေးနိမ့်ထားတာကြောင့် ဒီပွဲကနေ အနိုင်ယူဖို့ လိုအပ်နေသလို ၊ အာဆင်နယ်အသင်းအတွက်လည်း ဒီပွဲနိုင်လိုက်ရင် သူတို့ရဲ့ ဆိုးရွားလှတဲ့ရာသီအဖွင့်အတွက် ပြန်အဖတ်ဆယ်နိုင်ဖို့ရှိပါတယ်။

အစကောင်းပြီး တဖြေးဖြေးကျလာတဲ့ စပါးအသင်းနဲ့  ဆိုးရွားစွာ ရာသီဖွင့်ပြီး တဖြေးဖြေးရာသီအရှိန်ယူနေရတဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲကိုတော့ ခန့်မှန်းသူအများစုက သရေကျမယ်လို့ ထင်ကြေးပေးနေကြကြောင်း MSN မှတင်ဆက်လိုက်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: