Chelsea အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ စက်တင်ဘာလက်ကျန်ကာလများ

ချဲလ်ဆီးအသင်းကို Appreciate လုပ်တဲ့ဆောင်းပါးတိုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ပုံစံကောင်းတွေရှိနေတာကလည်း ငြင်းမရတဲ့အချက်ပါပဲ။

ချန်ပီယံလိဂ်မှာ ဇင်းနစ်အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့အပြီး ၊ ပရီးမီယားလိဂ်မှာလည်း ချဲလ်ဆီးအသင်းဟာ ဆက်လက်နိုင်ပွဲဆက်နေခဲ့ပါတယ်။ စပါးအသင်းနဲ့ပွဲ ပထမပိုင်းမှာ ရုန်းကန်နေခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ မြိုခံပြိုင်ဖက်ကို သူတို့ရဲ့ကွင်းမှာပဲ ပူလောင်စေခဲ့ပါတယ်။ ပွဲအပြီးမှာ ဇယားထိပ်ကိုရောက်ရှိစေခဲ့တဲ့ ဒီနိုင်ပွဲအလွန်မှာ ချဲဆီးအသင်းဘာကြောင့်တောက်လျှောက် အမြင့်ပျံနေရသလဲ လေ့လာကြည့်ရအောင်ပါ။

ချဲဆီးအသင်းမှာ အနိုင်ရဖို့လမ်းပေါင်းများစွာရှိတယ်

ပထမပိုင်းမှာတော့ အလွဲအချော်တချို့ကြောင့် ဒေါသထွက်နေဟန်ရှိပေမယ့် တူချယ်ဟာ အားပေးခံရမှုတွေနဲ့ထိုက်တန်ကြောင်းပြသနိုင်ခဲ့ပါတယ်။ မေဆွန်မောင့် ကိုထုတ်ပြီး ကန်တေကိုလူစားဝင်စေခဲ့တဲ့ဆုံးဖြတ်ချက်ဟာ ဧည့်သည်ပရိတ်သတ်တွေကို ပျော်ရွင်စေခဲ့ပြီး ပွဲကိုပါ တဖက်သတ်ဖြစ်သွားစေခဲ့ပါတယ်။

ဝါရင့်ကွင်းလယ်လူသီယာဂိုရဲ့သွင်းဂိုးအပြီး မိနစ်အနဲငယ်မှာပဲ  ကန်တေဟာ တဖက်နောက်တန်းနဲ့ ဂိုးသမားတွေကို လွှမ်းမိုးပြခဲ့ပြီး ဒုတိယဂိုးရရှိစေခဲ့ပါတယ်။ ချန်ပီယံဆုကိုစိန်ခေါ်ဖို့အတွက် တူချယ်ဆီမှာ တစ်နည်းနဲ့အဆင်မပြေရင်နောက်တစ်နည်းရှိနေခဲ့ပြီး လူစာရင်းကလည်း အားကောင်းနေတာ သိသိသာသာပါပဲ။ အဖြေကိုသိခြင်းနဲ့  သိတဲ့အတိုင်းအကောင်အထည်ဖော်ဖို့အတွက်အဆင်သင့်ဖြစ်နေပါတယ်။

တောက်လျှောက်ကောင်းနေတဲ့စွမ်းဆောင်ရည်

တကယ်တော့ ချဲဆီးအသင်းဟာ ခုနှစ်မှာခြေစွမ်းကောင်းနေတယ်ဆိုရင်မှားပါလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီနောက်ဆုံးကာလတွေမှာကတည်းက ရရှိနေခဲ့တဲ့အရှိန်တွေဟာ ဆက်လက်ရှင်သန်နေတာပါ။ ပြည်တွင်းပြိုင်ဖက်ကို ဥရောပသရဖူလုပွဲမှာ ချေမှုန်းခဲ့ပြီး ၊ အခုထိဆက်လက်တောက်လောင်နေတာပါ။

အိမ်ပြန်လာတဲ့တိုက်စစ်မှုးလူကာကူဟာ တူချယ်လိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ငွေပေးရကြိုးနပ်ခဲ့တာကို သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့သက်သေပြနေပါတယ်။ ပုံစံကောင်းကိုဆက်လက်ထိမ်းထားပြီးလိုတဲ့နေရာကိုဖြည့်တင်းရင်း အသင်းရဲ့   Form ဟာလုံးဝပျက်မသွားသေးပါဘူး။

ကစားသမားအချို့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေရဲ့ စိုးရိမ်ပူပန်မှုရှိနေပေမယ့် တူချယ်ရဲ့ ရင့်ကျက်တဲ့ကိုင်တွယ်မှုအောက်မှာ ပုံစံတကျရှိနေတာသိသာပါတယ်။

လန်ဒန်ဒါဘီမှာ  ပထမပိုင်းပုံစံမကောင်းမှုတာကို တူချယ်ဟာ ပါးပါးနပ်နပ်ခုလိုပြောခဲ့တယ်။

‘’ အသင်းရဲ့ကစားပုံကိုမပြောင်းခဲ့ပါဘူး ဒါပေမယ့် ပိုပြီးအင်ပြည့်အားပြည့် ၊ ယုံကြည်မှုရှိရှိ နဲ့ အရည်အသွေးပိုမြင့်အောင်ကစားခဲ့ကြတာပါ။ ပထမပိုင်းကပုံစံမျိုးနဲ့က အနိုင်ရဖို့မလုံလောက်ခဲ့ပါဘူး။

ကန်တေဟာ အခိုက်အတန့်တွေတိုင်းကိုတန်ဖိုးရှိအောင် အသုံးချနိုင်ခဲ့တာပါ။ ကျွန်တော်တို့အသင်းဟာ အနိုင်ရဖို့လုံလောက်တဲ့ အရာတွေအကုန်လုံးကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာအောင်ပွဲရဲ့သော့ချက်ပါပဲ’‘  လို့ဆိုခဲ့ပါတယ်။

အလွန်ဆိုဟာလည်း ပုံမှန်တောက်ပနေရင်း ချဲလ်ဆီးအသင်းရဲ့  Rhythm ကိုပံ့ပိုးပေးနေပါတယ်။

အထင်ကြီးစရာကောင်းတဲ့ ရလဒ်တွေဆီတချက်ကြည့်ရအောင်။

  • အသင်းကြီး ၆ သင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အဝေးပွဲ ၆ ပွဲစလုံးရှုံးပွဲရှိမထားသေးပါဘူး။
  • ရာသီအစမှာတင် အသင်းကြီးတွေနဲ့ရင်ဆိုင်ထားအပြီး ဇယားထိပ်မှာဦးဆောင်နေပါတယ်။
  • Clean Sheet ရတဲ့ပွဲက ပေးဂိုးထက်တောင်များနေပါတယ်။
  • Super Cup ပွဲက စလို့ ဒီရာသီကစားထားသမျှ ၇ ပွဲမှာ  ၁၄ ဂိုးသွင်းထားပြီး ၃ ဂိုးသာပေးထားရပါတယ်။

ရင်ဆိုင်ရမယ့် အနီးဆုံးစိန်ခေါ်မှုများ

အသင်းကပုံစံကောင်းတွေရနေသလို ရင်ဆိုင်ရမှာတွေကလဲ ခက်ခဲနေပါတယ်။ စက်တင်ဘာလထဲမှာ ပြိုင်ပွဲသုံးရပ်အတွက် ခက်ခဲတဲ့ပြိုင်ဖက်တွေကစောင့်နေပါတယ်။

EFL ဖလားအဖြစ် အက်စတွန်‌ဗီလာအသင်းကို အိမ်ကွင်းမှာကစားရမယ်။ ပြီးရင် အိမ်ကွင်းမှာပဲ မန်ချက်စတာစီးတီးအသင်းနဲ့   EPL ပွဲကစားရမယ်။ အဲ့ဒီနောက်မှာ  အီတလီမြေမှာ Champion League ပွဲအဖြစ်ဂျူဗင်တပ်နဲ့ရင်ဆိုင်ရမယ်။ တကယ်ကို ခက်ခဲတဲ့ ၈ ရက်တာပါပဲ။ ဒီအခြေအနေတွေကို တူချယ်နဲ့ချဲဆီးအသင်းဘယ်လိုကျော်လွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။

EPL မှာ အက်စတွန်ဗီလာအသင်းကို ပူပူနွေးနွေး အနိုင်ရထားတဲ့ အရှိန် ကိုဆက်ထိမ်းထားရင်း အသင်းကြီး ၂ သင်းနဲ့တူချယ်တို့တွေစမ်းသပ်ခံရပါလိမ့်မယ်။ ဒီကာလတွေဟာ ချဲလ်ဆီးတို့အတွက်အရေးအကြီးဆုံးအချိန်များလို့တောင် ဆိုနိုင်ပါတယ်။

စက်တင်ဘာဟာ ချဲလ်ဆီးအတွက် ခရီးကြမ်းဖြစ်နေပေမယ့် အောက်တိုဘာလမှာတော့ အဆင့်ပိုနိမ့်တဲ့ပြိုင်ဖက်တွေကိုရင်ဆိုင်ရမှာဖြစ်လို့ အခက်ခဲဆုံးအချိန်မှာ စွမ်း‌ဆောင်ရည်မြင့်နေတဲ့ ခြသေ့်တွေဟာ အောက်တိုဘာအထိ အဆင်ပြေနေဦးမယ်လို့ ယူဆထားကြောင်း MSN  မှတင်ဆက်လိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: