အာဆင်နယ်အတွက် အရေးကြီးတဲ့ နှစ်ပတ်တာ ကာလ

England အသင်းတွေကိုယ်စီနိုင်ငံတကာပွဲတွေသွားရောက်စကားနေကြတာကိုတွေ့ရသည်။ ဒီနှစ်က ပြိုင်ပွဲပိုများသည်။  UCL   ၊ Europa League  နှင့်ယခုနှစ်မှစကျင်းပသော Conference League  ပါရှိသည်။  ထိပ်ပိုင်းကအသင်း ကြီးတွေနဲ့အတူ လက်စတာ ၊ စပါးနဲ့ ဝက်က်စ်ဟမ်းတို့ပါ ကိုယ့်အဆင့်အလိုက်ကစားခဲ့ကြတဲ့နှစ်မှာ အသင်းကြီးတစ်သင်းဖြစ်တဲ့  အာဆင်နယ်အသင်းအနေနဲ့ ဘယ်ဥ‌ရောပပွဲ မှာမှ ပါဝင်မလာတာကတော့ သိပ်ကိုရင်နာစရာကောင်းလှသည်။ အသင်းတာဝန်ရှိသူတွေ အနေနဲ့ နေ့စဥ်ဘဝကိုဘယ်လိုဖြတ်သန်းနေကြလဲ မသိပေမယ့် ပရိတ်သတ်တွေအတွက်ကတော့ မျက်နှာအောက်ချထားရသည့်နေ့စွဲများဖြစ်သည်။ သို့သော် ပရိတ်သတ်များသည် အလွန်စိတ်ရှည်ကြသူများ ဖြစ်သည်။ အပြောင်းအလဲကိုကြံကြံခံရင်းစောင့်စားလာသည်မှာလည်းရာသီတွေမနဲတော့။ ဒီတော့ရှိပါစေတော့။

လတ်တလောရင်ဆိုင်ရမည့် ပွဲစဥ်ရယ် အနီးဆုံးမှာရှိနေတဲ့ခါးသီးပြိုင်ဖက်နဲ့ပွဲရယ်မတိုင်ခင်မှာ  အသင်း နိုင်ပွဲရဖို့ လိုအပ်မယ်လို့ယူဆရတဲ့အချက်လေးတွေကိုလေ့လာကြည့်ကြပါမည်။

Formation တစ်ခုအထိုင်ချဖို့

4-3-3 လား 3-4-3 လား စသည်ဖြင့်ကိုယ့်မှာရှိနေတဲ့လူစာရင်းနဲ့ အံကိုက်မယ့်   ကစားကွက် တစ်ခုကို ခိုင်မာစွာ အသက်သွင်းဖို့လိုအပ်သည်။ အခုလိုအခြေအနေမျိုးမှာ လက်တည့်စမ်းနေတဲ့ကစားပုံတွေရောက်လာဖို့ မသင့်တော့။ ပေးဆပ်မှုကအရင်းအနှီးကြီးသည်။

တိုက်စစ်မှုးတွေအခုထက်ပိုပြီး အာရုံစိုက်ရမည်

ပြီးခဲ့တဲ့ပွဲမှာ အကြိမ် 60 လောက်အခွင့်အရေးရပြီး တိုက်နှစ်ဖက်ထိတဲ့ ဂိုးတစ်ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှုးတွေမှာလည်းတာဝန်ရှိပါသည်။ အူဘာမီယန်ဆိုတာ ဂိုးသမားတည့်တည့်ပဲကန်ရမယ့် အဆင့်ထက်ပို ကိုပိုနေရမည်။ ပြီးတော့ သူက အသင်းခေါင်းဆောင်။ စိတ်ရောကိုယ်ပါ ပြင်းထန်တဲ့ကစားပုံကိုပေးရမည်။ အရင်ထက်တိုးတက်လာရုံနဲ့ကျေနပ်နေလို့မရပါ။ နောက်ထပ် ပေပေ ၊ ကောင်းတစ်ချက်မကောင်းတစ်ချက်ဆိုတာထက် အခုလိုအနေအထားမျိုးမှာ အသင်းအတွက်ပိုပြီး အားကိုးရတဲ့အဆင့်မှာရှိသင့်သည်။ ကိုယ်သန်တဲ့ဘယ်ခြေနဲ့ကန်ခွင့်ရတာကို မိုးပေါ်ထောင်တာက နှစ်လုံးထက် မပိုသင့်။

ကြံခိုင်မှုနဲ့လူထုတ်ပုံ

ပြီးခဲ့တဲ့ပွဲမှာ ဆမ်ဘီ တို့အရင်ကစားပြီး ပါတေးတို့နောက်မှဝင်သည်။ ပွဲပန်းမှုအနေအထားအရ အဲ့လိုပဲလုပ်ရမည်။ သို့သော် ဒုတိယမြောက်နိုင်ပွဲအတွက်အရေးကြီးနေချိန်မှာတော့ စမစ်ရိုး နဲ့ ပါတေးကို ပွဲထွက် စေချင်သည်။ 2 ဂိုးလောက်နိုင်မှ စပါးပွဲအတွက်ချန်လိုကချန်။ ဆမ်ဘီတို့နဲ့ မိနစ် 60လောက်ထိ ဂိုးမရ‌သေးတာ Risk  ကြီးလှသည်။ ကွင်းလယ်နှစ်စုံကို ကောင်းကောင်းအသုံးချဖို့လိုသည်။

ဘန်လေရဲ့အနေအထားနဲ့ နောက်တန်း

ဘန်လေလဲအခြေအနေမကောင်းတဲ့အသင်းပေမယ့် သွင်းဂိုး 3 ဂိုးရထားသည်။ ကိန်းဂဏန်းအရ အာဆင်နယ်ထက်သာသည်။ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်တို့ ဒီလောက်အဆင့်မှာတော့စွမ်းဆောင်နိုင်ကြမည်ဟု ယူဆသည်။ အာတီတာရဲ့ စိတ်ကြိုက် 4 ယောက်ရဲ့ စွမ်းဆောင်ရည်က ဘန်လေကိုတော့ တားနိုင်လောက် မည်မျှော်လင့်သည်။

ကာရာဘောင်းပွဲမှာတော့ သက်သက်သာသာနဲ့ အနိုင်ယူနိုင်မယ်လို့ယူဆပါသည်။ ဖလားမှန်ရင်ဘာဖြစ်ဖြစ်လိုနေတဲ့အသင်းမှာ ကာရာဘောင်းကလဲ အာဆင်နယ်အတွက်တော့ အရေးပါသည်။ ဝက်ဘရွန်းကို နိုင်တာတောင်ပျော်တဲ့ပရိတ်သတ်ဟာ ဘန်လေအနိုင်အပြီး ဝင်ဘယ်ဒန်ကို ဆက်နိုင်လိုမှာသေချာသည်။

ဒီပွဲအပြီးမှာ ဖြစ်လာတာတွေကိုလေ့လာသုံးသပ်ပြီး စပါးနဲ့ပွဲကိုဆက်လက်ပြင်ဆင်စေချင်သည်။ 3 ပွဲဆက်အနိုင် ပြန်လည်ရရှိခြင်းနှင့် ထို 3 ပွဲတွင်စပါးပါဝင်ခြင်းသည် အသင်းအတွက်ဂုဏ်သိက္ခာရော ၊ စိတ်ဓါတ်ကိုပါ ပြန်လည်မြှင့်တင်ပေးနိုင်မည့်အနေအထားဖြစ်သည်။ တဖက်တွင်လည်း ပွဲကျပ်၊ ပွဲပန်း အနေအထားနဲ နူနိုဆန်တိုလည်း အနေအထားကသိပ်မလှချိန်မို့   ပွဲစဥ် 6 အပြီးမှာတော့ 9 မှတ် သို့မဟုတ် 7 မှတ်ဆိုတာ လောက်တော့ အာဆင်နယ် ရထားနိုင်သင့်သည်။ နည်းပြအနေနဲ့ မဝေဝါးဖို့လိုအပ်သလို ကစားသမား တွေကလည်း သူတို့ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားရမည်ဖြစ်သည်။

ခေတ်မမှီတော့တဲ့အတွေးအခေါ်တွေနဲ့ ဘုတ်အဖွဲ့တွေကြောင့် အသင်းကတဖြေးဖြေးနောက်ရောက်လာသည်။ ရေစီးနဲ့အတူ သူတို့ပါမလာခဲ့ကြ။ ကြားရတဲ့သတင်းတွေအရ လူဝယ်တာ နောက်နှစ်အထိပါကြိုဝယ်ထားလို့ ငွေထပ်ထုတ်ပေးရန်မရှိ ဆိုတာမျိုးလဲတွေ့ရသည်။ အပြစ်ပြောစရာမရှိသော လူငယ်လေးများကြောင့်သာ အာဆင်နယ်ပရိတ်သတ်များ အသက်ဆက်နေကြသည်လို့ ယူဆရင်း စိတ်လှုပ်ရှားစရာ 2 ပတ်တာမှာ များကံကောင်းပါစေဆုတောင်းပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: