𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐢𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐒𝐢𝐠𝐧𝐬 အပေါင်းလက္ခဏာဆောင်နေတဲ့ ချဲလ်ဆီးအသင်း

မြန်မာဘာသာဖြင့် အောက်တွင်ဖတ်ရှုနိုင်ပါသည်။

After beating Aston Villa in EPL, Chelsea are on the rise, both mentally and physically.

Lukaku who scored 2 goals in the match showed his happiness by mentioning his pride to score goals in such a big stadium and the opportunity he has been waiting for since I was 11 years old. It was also a good match to play with full concentration and thanking his team-mates who are behind him.

Liverpool have also drawn with Chelsea and Lions are scheduled to face the big clubs early in the season, but fans can expect a lot from this team’s rhythm. What does coach Tuchel say?

“Nothing is quite like winning. When you take that step it changes something inside. We are hungry for more though, it’s like an addiction.” He is speaking with strong confidence.

Chelsea are currently standing at the top part of the table with 10 points from four games. The next match will be against Zenit at home in the Champions League. Next week’s EPL clash will see city rivals Tottenham Hotspur away.

အက်စတွန်ဗီလာကို အနိုင်ယူပြီးနောက်မှာတော့ ခြေစွမ်းရော စိတ်ဓါတ်ပိုင်းမှာပါ ချဲလ်ဆီးအသင်းဟာ အတက် ပိုင်းကို ရောက်နေပါပြီ။

“ဒီလိုကွင်းကြီးထဲမှာ ဂိုးတွေသွင်းရတာ သိပ်ကိုဂုဏ်ယူတာပေါ့ဗျာ ၊ ဒါဟာ ကျွန်တော် ၁၁ နှစ်သားထဲက စောင့်ခဲ့ရတဲ့အခွင့်အရေးပါ၊ အာရုံစူးစိုက်မှုအပြည့်နဲ့ကစားခဲ့ရတဲ့ပွဲကောင်းတစ်ပွဲပါပဲ။ အသင်းဖော်တွေကလဲ ကျွန်တော့် နောက်မှာရှိနေကြပါတယ်” လို့ ထိုပွဲမှာ ၂ ဂိုးသွင်းခဲ့သူ လူကာကူက ပွဲအပြီးမှာပြောပါတယ်။

လီဗာပူးအသင်းကိုလဲ သရေကစားထားပြီး ပွဲစဥ်ဇယားတွေအရ အသင်းကြီးတွေနဲ့ စောစောဆီးဆီးဆက်တိုက် တွေ့ဆုံနေပေမယ့် အခုလို Rhythm မျိုးနဲ့ဆိုရင် ပရိတ်သတ်တွေအနေနဲ့အများကြီးမျှော်လင့်ထားလို့ရပါတယ်။

နည်းပြတူချယ်ကလဲ“အနိုင်ရတဲ့ခံစားချက်လောက်ဘာမှမကောင်းပါဘူး။ တစ်ပွဲနိုင်တိုင်း ခံစားချက်တွေက ပိုပြီးမြင့်တက်လာတာပဲ။ ကျွန်တော်တို့က နိုင်ပွဲတွေကို ဆေးစွဲသလို စွဲစပြုနေပါပြီ” လို့အားမာန်အပြည့်နဲ့ပြောဆိုနေပါတယ်။

ချဲဆီးအသင်းဟာလက်ရှိအချိန်မှာ လေးပွဲကစားပြီး ၁၀မှတ်နဲ့ ဇယားထိပ်ပိုင်းမှာရပ်တည်နေပါတယ်။ အနီးဆုံး ပြိုင်ပွဲတွေအဖြစ် ချန်ပီယံလိဂ်မှာ ဇင်းနစ် နဲ့ အိမ်ကွင်းမှာတွေ့ဖို့ရှိပြီး ၊ လာမယ့်အပတ်EPL ပွဲစဥ်မှာတော့ မြို့ခံပြိုင်ဖက်စပါးအသင်းကို အဝေးကွင်း မှာတွေ့ဖို့ရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: